Writen by
Tachileik News Agency
4:10 AM
-
0
Comments
၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၁ရက် ညနေ ၆နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ငွင်အင်ရွာအနီး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၂)မူဆယ် နှင့် နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းသည့် ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးမှုများပြုလုပ်နေစဉ် စိတ်ကြွဆေးပြား ၁၆၆ ပြား အား တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ ငွင်အင်ရွာအနီးတွင် မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးမှုများ ပြုလုပ်နေစဉ် လီကျာxxx စီးနင်းလာသည့် ဟန်ဆင်း-125 ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာ လီကျာxxx ၀တ်ဆင်ထားသော အနွေးအင်္ကျီ ၀ဲဘက်အတွင်း အိတ်ကပ်ထဲမှ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျှက် (88) နှင့် (1)စာတန်း တစ်ဖက်စီပါ နီညိုရောင် စိတ်ကြွဆေးပြား ၁၆၆ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၂၇နှစ်အရွယ်ရှိ လီကျာxxx အား နမ့်ခမ်းရဲစခန်းမှ မူးယစ်(ပ) ၈၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons