Writen by
Tachileik News Agency
3:38 AM
-
0
Comments
၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၂ရက်၊ နံနက် ၆နာရီ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ် မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံ အောက်ရွာ၌ စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် လွယ်စတုံ အောက်ရွာရှိ အိမ်အမှတ်(လစတ-အ/---)၌ မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ယာဘက် အံဆွဲအတွင်းရှိ ပိုက်ဆံအိတ်ထဲမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၃၈ပြားအား ရှာဖွေတွေ့ရှိရပြီး တရားခံဖြစ်သူ မောင်လှxxx အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၂၃နှစ်ရှိ မောင်လှxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၄၆/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons