Latest News

Dropdown Menu

Tuesday, November 12, 2013

တာချီလိတ်မြို့ ကျောက်တောင် (၀မ်မိုင်)ရွာ၌ စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်(၀မ်မိုင်)ရွာ ရှိ အိမ်အမှတ် (၁၅/---)၌ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် တို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် စိတ်ကြွဆေးပြား ၁၄၉ပြားအား ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၀ ရက် ညနေ ၅နာရီအချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကျောက်တောင်(၀မ်မိုင်)ရွာ ရှိ အိမ်အမှတ် (၁၅/---)၌  မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းရရှိ၍ သွားရောက် ရှာဖွေစစ်ဆေးရာ နေအိမ်ခြံဝင်း အတွင်းရှိ မီးဖိုချောင်ထဲတွင် အသက် ၅၈ နှစ်ရှိ ဒေါ်မီxxx အား အသင့် တွေ့ရှိရပြီး ၎င်းတို့မှ ဆက်လက်၍ ရှာဖွေစစ်ဆေးသည့် အခါမှာ ဒေါ်မီxxx လွယ်ထားသော အနက်ရောင် လွယ်အိတ်အတွင်းမှ ပလပ်စတစ်အကြည်ဖြင့် ထုပ်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၄၉ ပြားအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများအား သိမ်းဆည်းခဲ့ကြပြီး ဒေါ်မီxxx အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့သော ဒေါ်မီxxx ၏ ထွက်ဆိုချက်မှာ ယခုသိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများမှာ ၎င်း၏ မွေးစားသားဖြစ်သူ မောင်အောင်xx မှ ၎င်းရောင်းချရန် အတွက် ပေးအပ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် မောင်အောင်xxx နေထိုင်သည့် ကျောက်တောင်(၀မ်မိုင်)ရွာအတွင်းရှိ နေအိမ်အား သွားရောက်၍ ဆက်လက်စစ်ဆေးရှာဖွေစဉ် မောင်အောင်xxxအား ရွာလယ်လမ်းမပေါ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မောင်အောင်xxx၏ နေအိမ်အား ရှာဖွေရာ နေအိမ်မှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၅၈ နှစ်ရှိ ဒေါ်မီxxx နှင့် အသက် ၂၀ နှစ်ရှိ မောင်အောင်xxx တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ  မယ(ပ)၁၄၅/၂၀၁၃၊  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »