Writen by
Tachileik News Agency
5:45 AM
-
0
Comments
ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပုဂ္ဂလိကဈေးများစွာရှိသည့်အနက် ၀မ်ကောင်းရပ်ကွက် အတွင်း၌ ရှိသော "ဘုရင့်နောင်"ဈေးတွင် ဒေသဖွံ့ဖြိုးမှု နှင့် လူစည်ကားမှု ရှိစေရန်အတွက် ဈေးရောင်းချနိုင်ကြောင်းကို၂၀၁၃ခုနှစ် နိုဝင်ဘာလ ၅ ရက် နေ့လည် ၁၁နာရီ ၄၅ မိနစ်အချိန်က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးရုံးတွင် အသား/ငါး ဈေးသည်များအားခေါ်ယူတွေ့ဆုံ၍ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ သံဃာ့ဆေးရုံအနီး၌ ဖွင့်လှစ်ထားသော "ဘုရင့်နောင်"ဈေးတွင် ၂၀၁၃ခုနှစ် အောက်တိုဘာလ မှစ၍ ၂၀၁၃ နှစ်ကုန်အထိ ဆိုင်ခန်းခ နှင့် အခွန်အခများကို ကောက်ခံခြင်းမပြုပဲ အခမဲ့ ရောင်းချခွင့် ၃လတိတိ ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Social Buttons