Latest News

Dropdown Menu

Friday, December 20, 2013

တာချီလိတ်မြို့နယ် ဆန်ဆိုင်း အ.ထ.ကတွင် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ ပြုလုပ်

ယနေ့ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် တာချီလိတ်မြို့နယ် ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်း၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် အကြိုဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။


ထိုသို့ ပြုလုပ်ရာတွင် အဖွင့်အမှာစကားအား ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် မှ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင်၊ တာချီလိတ်စာရေးဆရာအသင်း အဖွဲ့ဝင်များဖြစ်သော ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်)နှင့် ဦးစိုးစိုး (စိုးဦး-ပြန်ဆက်)တို့က လွတ်လပ်ရေးနေ့ဆိုင်ရာ သိကောင်းစရာများ၊ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတို့အား ဟောပြောခဲ့ကြသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာများသည် ဒီဇင်ဘာလ(၁၉)ရက်နေ့က တာချီလိတ်မြို့နယ် မိုင်းကိုးအ.ထ.ကတွင် ဟောပြောခဲ့ကြကြောင်းနှင့် ဒီဇင်ဘာ(၂၁)ရက်နေ့တွင် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတွင်လည်းကောင်း၊ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် အထက -တာချီလိတ်တွင် လည်းကောင်း လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲများကို ကျောင်းသားလူငယ်များ လွတ်လပ်ရေးနေ့၏  အနှစ်သာရကို နားလည်ခံယူနိုင်ရေးအတွက် ဆက်လက် ဟောပြောသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။       ။ မြတ်မျိုးမြင့်မာန်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
« PREV
NEXT »