Writen by
Tachileik News Agency
9:43 PM
-
0
Comments
တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအနက် မကာဟိုခမ်းရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ယခုအခါမှာ မြို့နယ်မီးလင်းရေးကော်မတီမှ ဆောက်လုပ်လှူဒါန်း ပေးလိုက်သည့်အတွက် အဆိုပါ ရုံးသစ်ဖွင့်လှစ်ခြင်း ဖဲကြိုးဖြတ်အခမ်းအနား နှင့် အပ်နှံပွဲ အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအ၀င်ရှိ ရုံးတည်ရှိရာ နေရာတွင် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက် နံနက်(၉း၂၀)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
ရုံးသစ်ဖွင့်လှစ်ခြင်းအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်တင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ရပ်မိရပ်ဖ ဦးမောင်လေး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ရပ်ကွက်ရုံးအဆောက်အဦအား လွှဲပြောင်းခြင်းအဖြစ် လွှဲပြောင်းမှုဆိုင်ရာအချက်အလက်များအား ပေးအပ်ရာ ရပ်မိရပ်ဖ ဦးမောင်လေးက လက်ခံယူရသည်။
ဆက်လက်၍ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းက အဆိုပါရပ်ကွက်ရုံးသစ် ဆောက်လုပ်ပေးသည့် မြို့နယ်မီးလင်းရေးကော်မတီနှင့် မြေနေရာ လှူဒါန်းပေးသော
မြန်မာတိုးနယားကုမ္ပဏီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အထူးပင်ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကားပြောကြားသည်။
ဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်မီးလင်းရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးကြည်မြင့် နှင့် ရပ်မိရပ်ဖ ဦးမောင်လေးအပါအ၀င် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။
ယခုအသစ် တည်ဆောက်ထားသည့် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မြို့နယ်မီးလင်းရေးကော်မတီမှ ကျပ်သိန်းပေါင်း(၄၅၀)၀န်းကျင် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းပေးတာဖြစ်ပြီး မြေနေရာကိုတော့ မြန်မာတိုးနယားကုမ္ပဏီက လှူဒါန်းပေးထားတာဖြစ်ပြီး အကျယ်အ၀န်းမှ (၀.၀၅၀)ဧက ရှိကြောင်းသိရှိရသည်။
ယခင်က မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာမှာ ရွှေတိဂုံဘုရားလမ်းရှိ မြို့နယ်မီးလင်းရေးရုံး၏ အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါမှာတော့ မြို့နယ်မီးလင်းရေးကော်မတီမှ
ဆောက်လုပ်လှူဒါန်းပေးလိုက်သည့် အတွက် အဆိုပါ ရပ်ကွက်ရုံးမှာ မေဖလားဝါးကွင်းအ၀င်သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ပုံများကိုကြည့်ရန်

38 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons