Writen by
Tachileik News Agency
10:56 PM
-
0
Comments
တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်လျှက်ရှိသည့် တာချီလိတ်ခရိုင်အတွင်း၌ တိုင်းရင်းသားလူမျိုးများ၏ ပညာရေးအတွက် လိုအပ်သည့်ရှု့ထောင့်များမှာ ဖြည့်စွတ်ပေးနိုင်ရန်အတွက် အထူးရည်ရွယ်ကာ ပြီးခဲ့သော ၂၀၁၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့က တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်နှင့် အညီ ယခုအခါမှာ စာသင်ကျောင်းများ၌ လိုအပ်နေသည်များကို ဖြည့်စွတ် ပေးနေလျှက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ ကော်မတီဖွဲ့စည်းပြီးနောက် ပထမဦးဆုံးအကြိမ် ပညာရေး ဖြည့်စွတ်မှုအဖြစ် ပုန်းထွန်ရပ်ကွက် အတွင်းရှိ အ.လ.က(ခွဲ)တွင် ပြိုကျတော့မည့် ကျောင်းနံရံအား ပြုပြင်ပေးခြင်း ထိုင်ခုံများ လှူဒါန်းပေးခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ဟောင်လိတ်ကျေးရွာအုပ်စု အ.ထ.က(ဟောင်လိတ်)ကျောင်းရှိ ကျောင်းဆောင်သစ်၌ စာသင်ခုံလုံလောက်မှုမရှိ၍ ကျောင်းဆောင်အတွင်း တမံသလင်းပေါ် ဖျာခင်းကာ စာသင်ယူနေရသည့် ကျောင်းသား/သူ (၂၀၀)၀န်းကျင်အတွက် လိုအပ်နေသည့် စာသင်စားပွဲခုံအစုံ (၆၆)စုံကိုလည်း လှူဒါန်းပေးနေလျှက်ရှိရာ စာသင်စားပွဲခုံ တစ်စုံလျှင် ( ၁၈၅၀) ဘတ်ခန့် ရှိကြောင်း သိရှိရသည်။
တာချီလိတ်မြို့နယ်ခွဲရှိ တောင်သုံးလုံးကျေးရွာ၊ ပန်ချီဟက်(မူလွန်)တန်းခွဲကျောင်းတွင်လည်း ဆရာ၊ ဆရာမ လုံလောက်မှု မရှိ၍ ဖြည့်တင်းပေးနိုင်ရန်နှင့် အဆိုပါကျောင်းအား လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ခရိုင်ပညာရေးကော်မတီ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ရန်ရှင်းကျေးရွာရှိ မူလွန်ကျောင်းတွင်လည်း သောက်သုံးရေကိစ္စနှင့်ပတ်သက်၍ ရေတွင်းထဲမှ ရေများမှာ အနည်းငယ် ချွဲနေသည့်အတွက် ကောင်းမွန်စေရန် ဆောင်ရွက်ပေးရေးကိစ္စကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကော်မတီဝင်များမှ ကျောင်းခန်းအတွင်း အမှောင်ကျရောက်နေသည့်အတွက် အလင်းရရှိရန် အလင်းသွပ်ပြားချပ်များကိုလည်း လှူဒါန်းခဲ့ကြသည်။
တာချီလိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများ အနေဖြင့် ကျောင်း၏ လိုအပ်ချက်များရှိပါက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထံ လာရောက်၍ အကူအညီ တောင်းခံနိုင်ကြောင်းနှင့် ထိုသို့ အကူအညီ တောင်းခံလာမှုအတွက် ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးကာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီ"သည် တာချီလိတ်ခရိုင်အတွင်း ပညာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ ကော်မတီအား တာချီလိတ်ခရိုင် ပညာရေးအတွက် ရေရှည်တည်တံ့စေရန် ရည်ရွယ်ကာ ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီဖွဲ့စည်းပြီးနောက် ပထမဦးဆုံးအကြိမ် ပညာရေး ဖြည့်စွတ်မှုအဖြစ် ပုန်းထွန်ရပ်ကွက် အတွင်းရှိ အ.လ.က(ခွဲ)တွင် ပြိုကျတော့မည့် ကျောင်းနံရံအား ပြုပြင်ပေးခြင်း ထိုင်ခုံများ လှူဒါန်းပေးခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ ဟောင်လိတ်ကျေးရွာအုပ်စု အ.ထ.က(ဟောင်လိတ်)ကျောင်းရှိ ကျောင်းဆောင်သစ်၌ စာသင်ခုံလုံလောက်မှုမရှိ၍ ကျောင်းဆောင်အတွင်း တမံသလင်းပေါ် ဖျာခင်းကာ စာသင်ယူနေရသည့် ကျောင်းသား/သူ (၂၀၀)၀န်းကျင်အတွက် လိုအပ်နေသည့် စာသင်စားပွဲခုံအစုံ (၆၆)စုံကိုလည်း လှူဒါန်းပေးနေလျှက်ရှိရာ စာသင်စားပွဲခုံ တစ်စုံလျှင် ( ၁၈၅၀) ဘတ်ခန့် ရှိကြောင်း သိရှိရသည်။
တာချီလိတ်မြို့နယ်ခွဲရှိ တောင်သုံးလုံးကျေးရွာ၊ ပန်ချီဟက်(မူလွန်)တန်းခွဲကျောင်းတွင်လည်း ဆရာ၊ ဆရာမ လုံလောက်မှု မရှိ၍ ဖြည့်တင်းပေးနိုင်ရန်နှင့် အဆိုပါကျောင်းအား လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ခရိုင်ပညာရေးကော်မတီ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက တာဝန်ရှိသူများအား မှာကြားခဲ့သည်။
တာချီလိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများ အနေဖြင့် ကျောင်း၏ လိုအပ်ချက်များရှိပါက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထံ လာရောက်၍ အကူအညီ တောင်းခံနိုင်ကြောင်းနှင့် ထိုသို့ အကူအညီ တောင်းခံလာမှုအတွက် ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးကာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ခရိုင် ပညာရေး ကူညီပံ့ပိုးမှုကော်မတီ"သည် တာချီလိတ်ခရိုင်အတွင်း ပညာရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ ကော်မတီအား တာချီလိတ်ခရိုင် ပညာရေးအတွက် ရေရှည်တည်တံ့စေရန် ရည်ရွယ်ကာ ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
Social Buttons