Latest News

Dropdown Menu

Wednesday, December 11, 2013

မကုန်နိုင်သေးသည့် စိတ်ကြွဆေးများ မယ်ယန်း၌ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်၊ မွန်းလွဲ (၃)နာရီအချိန်ခန့်က စိတ်ကြွဆေးပြား (၄၀၀)ပြားအား တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ယန်းကျေးရွာအတွင်းရှိ ဦးကမ်ဇာxxx၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါသည့် (၂)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၄၀၀)ပြားအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးကမ်ဇာxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၁၆၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »