Latest News

Dropdown Menu

Sunday, December 22, 2013

တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ ဒီဇင်ဘာလ(၂၃)ရက် နံနက်(၇)နာရီအချိန်က တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်အတွင်း၌ ကျပ်သိန်းပေါင်း(၁၄၅)သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ၀မ်ကောင်းရပ်ကွက်၊ အားခေရွာ၊ ရွာလယ်လမ်းမ၊ အိမ်တစ်အိမ်ရှိ ဦးယော၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၅၅၇၀)ပြား ၊ ဘိန်းဖြူမှုန့်အလေးချိန် (၁)ဂရမ်၊ ဘိန်းမဲအလေးချိန်(၂၇၀)ဂရမ် နှင့် အိုက်စ်(၁၂)ဂရမ်တို့အား ရှာဖွေတွေ့ရှိရာ စုစုပေါင်း ကာလတန်ဖိုးမှာ ( ၁၄၅)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။ ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးယောအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၇၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »