Writen by
Tachileik News Agency
4:12 AM
-
0
Comments
မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း မြန်မာ ၂၀၁၃ ပြိုင်ပွဲအား ကြိုဆိုဂုဏ်ပြု ထောက်ခံသောအားဖြင့် တာချီလိတ်မြို့ရှိ "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"မှ အင်အား ၃၀ ကျော်တို့သည် တာချီလိတ် မှ နေပြည်တော်ထိ မိုင်ရှည်ခရီး စီးနင်းမှုကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁)ရက် နံနက်(၆)နာရီအချိန်က တာချီလိတ်မြို့ မှ စတင်၍ ထွက်ခွာသွားရာ ယနေ့ ဒီဇင်ဘာလ(၈)ရက် ညနေ (၅)နာရီအချိန်ခန့်က နေပြည်တော်သို့ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
"နေပြည်တော်ကို ညနေ (၅)နာရီဝင်တယ်၊ မြို့အ၀င်မှာ ထမင်းစားတယ်၊ အခုတော့ စည်ပင်ရိပ်သာမှာ တည်းပါတယ်၊ နက်ဖြန်တော့ ဘယ်မှမသွားဘူး နားလိုက်အုံးမယ်၊ ၁၁ ရက်နေ့ ဖွင့်ပွဲဝင်မယ်"ဟု နေပြည်တော်သို့ စက်ဘီးဖြင့် လိုက်ပါ စီးနင်းသွားသူ တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း မှ ဦးစိုင်းလုံဟောင်က တာချီလိတ်အွန်လိုင်းသို့ ဖုန်းဖြင့် ဆက်သွယ်၍ ပြောကြားလာသည်။
အဆိုပါအဖွဲ့သည် တာချီလိတ်မှ နေပြည်တော်ထိ ခရီးစဉ်တစ်လျှောက်လုံး စက်ဘီးဖြင့် စီးနင်းသွားရာ (၈)ရက်တိတိ ကြာပြီးမှ နေပြည်တော်သို့ ရောက်ရှိတာဖြစ်ပြီး ၎င်းတို့အား ခရီးစဉ်တစ်လျှောက် ကာလိ၊ မိုင်းပျဉ်း၊ ကွန်ဟိန်း၊ လွိုင်လင်၊ တောင်ကြီး နှင့် ပင်လောင်းမြို့ စသည့်မြို့များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အား/ကာများ အပါအ၀င် မြို့သူမြို့သားများမှ ကြိုဆိုဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။
{ တာချီလိတ်မှ စတင်မထွက်ခွာမီ }

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons