Latest News

Dropdown Menu

Sunday, December 8, 2013

ပဲခူးသူ ပဲခူးသားများ တာချီလိတ်၌ တွေ့ဆုံတော့မည်

တာချီလိတ်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေထိုင်လျှက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ၁။ ပဲခူး ၂။ ဒိုက်ဦး ၃။ ညောင်လေးပင် ၄။ ရွှေကျင် ၅။ ကျောက်တံခါး ၆။ သနပ္ပင် ၇။ က၀ ၈။ ဝေါ ၉။ ပြည် ၁၀။ သာယာဝတီ ၁၁။ လက်ပံတန်း ၁၂။ မင်းလှ ၁၃။ မိုးညို ၁၄။ နတ်တလင်း ၁၅။ ဇီးကုန်း ၁၆။ သဲကုန်း ၁၇။ ပေါင်းတည် ၁၈။ ရွှေတောင် ၁၉။ ပေါက်ခေါင်း ၂၀။ အုတ်ဖို ၂၁။ ကြို့ပင်ကောက် ၂၂။ ပန်းတောင်း ၂၃။ တောင်ငူ ၂၄။ ဖြူး ၂၅။ ရေတာရှည် ၂၆။ ကျောက်ကြီး ၂၇။ ထန်းတပင် ၂၈။ အုတ်တွင်း စသည့် မြို့နယ် (၂၈)မြို့နယ်မှ ပဲခူးသား၊ ပဲခူးသူများ အနေဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့က ဖွဲ့စည်း တည်ထောင်ထားသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးအသင်း(တာချီလိတ်)သည် ယခုအခါမှာ အသင်းအနေဖြင့် တစ်နှစ်ပြည့် နှစ်ပတ်လည်ကျရောက်ပြီ ဖြစ်သည့်အတွက် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ပဲခူးသား၊ ပဲခူးသူများအနေဖြင့် တက်ရောက်ပေးကြပါရန် အဆိုပါ အသင်း၏ ကြော်ငြာထားချက်အရ သိရှိရသည်။


အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ အနေဖြင့် မိမိတို့ ပဲခူးတိုင်းအတွင်းမှ နေထိုင်သော မြို့နယ်၊ ရပ်ကွက်/ကျေးရွာတို့၏ အမည်များကို စာရင်းဖြည့်ပေးရမှာဖြစ်ပြီး တက်ရောက်လာသူများအား ဧည့်ခံကျွေးမွေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်မှာဖြစ်ကြောင်း နှင့် တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီမှာ ဆက်သွယ်ရေးလမ်းကြား၊ သစ်တောရုံးဘေးရှိ တောပ့်(Top) စားသောက်ဆိုင် အပေါ်ထပ်မှာ ကျင်းပမှာဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲနှင့် ပတ်သက်၍ အသေးစိပ်သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် မေးမြန်းနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
၁။ ဦးအောင်အောင် ၀၉၂၅၀၂၅၀၂၈၀ (ပဲခူး)
၂။ ဦးစိန်လွင် ၀၉၄၅၈၀၃၃၃၀၇ (ဝေါ)
၃။ ဦးဝင်းနိုင် ၀၉၂၅၀၆၂၁၅၁၆ (ညောင်လေးပင်)
၎။ ဦးတင်မောင်ထွန်း ၀၉၄၂၈၁၀၅၈၁ (ပြည်)
၅။ ဦးရန်နိုင် ၀၉၃၆၁၇၄၅၆၉ (သနပ္ပင်)
၆။ ဦးမျိုးလွင် ၀၉၃၆၁၂၂၈၀၄ (တောင်ငူ)
၇။ ဦးထင်အောင်ကျော် ၀၉၄၂၈၂၂၆၉၈၀ (ဒိုက်ဦး)
၈။ ဦးဇော်မင်းသိန်း ထိုင်း ဖုန်း ၀၈၈၈၀၅၈၆၅၂ (ပဲခူး)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »