Latest News

Dropdown Menu

Thursday, January 30, 2014

တာချီလိတ်၌ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ

တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၂၉)ရက် ညနေ(၅)နာရီခန့်က စိတ်ကြွဆေးပြားများအား တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ တာချီလိတ်မြို့သို့ ၀င်ရောက်လာသည့် ကား/ဆိုင်ကယ် နှင့် ခရီးသွားများအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် မိုင်းဖြတ်မြို့မှ တာချီလိတ်သို့ ပါကျဲရို အမျိုးအစား မော်တော်ယာဉ်အား မောင်းနင်လာသူ စိုင်းလောင်xx ထံမှ  Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄၁၀၀)ပြားအား ရှာတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။


အဆိုပါ စိတ်ကြွဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၀၂)သိန်းဝန်းကျင်ရှိကြောင်း သိရပြီး ဆေးပြားများကို ယာဉ်မောင်း၏ထိုင်ခုံအောက်၌ အဖြူရောင် သားရေ လက်ကိုင်အိတ်ဖြင့် ထည့်၍ သိုဝှက်သယ်ဆောင်လာတာဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရရှိသူ စိုင်းလောင်xxxအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။


တဆက်တည်းမှာပင် အဆိုပါနေ့၏ မွန်းလွဲပိုင်း (၃း၄၅)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှပင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့ရွာ၌ ဘိန်းဖြူအလေးချိန် (၆.၀၆)ဂရမ်ကို တရားခံနှင့်အတူ ဖမ်းဆီးရရှိပြီး၊ ဖမ်းဆီးရရှိသူ တရားခံ ဒေါ်အားxx ကို တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »