Latest News

Dropdown Menu

Tuesday, January 14, 2014

မယ်ယန်းဂိတ်၌ စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရရှိ

တာချီလိတ်မြို့နယ်။ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား အနည်းငယ်ကို ဇန်န၀ါရီလ(၁၄)ရက် ညနေ (၅)နာရီဝန်းကျင်က တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းကိုးကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနင်လာသည့်  ဦးထူကို မသင်္ကာ၍ ရပ်တန့် ရှာဖွေ စစ်ဆေးရာမှ ၎င်းဝတ်ဆင်ထားသည့် အနက်ရောင်အင်္ကျီထဲမှ Wy စာတန်းပါသည့် ပန်းရောင် စိတ်ကြွဆေးပြား (၈၀)ပြားကို ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးထူအား မယ(ပ)၁၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »