Latest News

Dropdown Menu

Thursday, January 16, 2014

တာချီလိတ် စစ်ဗျူဟာမှူး နှင့် နယ်ခြားကော်မတီ တို့မှ သုဿန်နေရာသစ် အတွက် ဘိလပ်မြေများ လှူဒါန်း

တာချီလိတ်မြို့ ကျောက်တောင်ရှိ မြို့မသုဿန်နေရာအား ပြောင်းရွေ့တော့မှာ ဖြစ်သည့်အတွက် သုဿန်မြေနေရာ အခက်အခဲကို ဖြေရှင်းနိုင်ရန်  ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းထမ်းတောရမှ ဆရာတော် ဘဒ္ဒန္တ မုလိန္ဒက သုဿန်မြေအဖြစ် နိုင်ငံတော် သြ၀ါဒစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိအား ပေးအပ်လှူဒါန်းရာ နဂါးနှစ်ကောင်ဆရာတော်ကြီးမှ အဆိုပါမြေနေရာအား ဇန်န၀ါရီလ(၁၆)ရက်နေ့က ကြွရောက်၍ ကြည့်ရှုခဲ့ပြီး သုဿန်မြေ အတည်တကျ သတ်မှတ်ခဲ့ကြောင်း သိရသည်။


တဆက်တည်းမှာပင် အဆိုပါ သုဿန်အား အကောင်အထည်ဖော်ရန်အတွက် မြေညှိရန်နှင့် ခေတ်မီ မီးသဂြုင်္ိဟ်စက်တည်ဆောက်ရန်အတွက် တာဝန်ရှိသူများအား နဂါးနှစ်ကောင်ဆရာတော်ကြီးမှ မိန့်ကြားတော်မူရာ လိုအပ်သည့် အုတ်၊ သဲ၊ ဘိလပ်မြေစသည့် ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများအား စေတနာရှင်အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်း ထည့်ဝင်ကြကြောင်း သိရသည်။

လိုအပ်သည့် ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများအား လှူဒါန်းမှုနှင့် ပတ်သက်၍ ယနေ့ ဇန်န၀ါရီလ (၁၇)ရက် နံနက်ပိုင်းက စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း + ဓာတ်မှန်အထူးကုဆရာဝန်ကြီး ဒေါက်တာနန်းကူကူး မိသားစု တို့မှ ဘိလပ်မြေအိတ် (၃၀၀) နှင့် ဦးဘိုလေး (နယ်ခြားကော်မတီ) + ဒေါ်မေရီ မိသားစု ဘိလပ်မြေ အိတ် ( ၃၀၀ ) တို့ကို လှူဒါန်းသွားကြောင်း သိရသည်။


အဆိုပါ သုဿန်နေရာသစ်အတွက် အုတ်၊ သဲ၊ ဘိလပ်မြေစသည့် ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများ လိုအပ်လျှက်ရှိရာ လတ်တလောတွင် ဘိလပ်မြေအိတ်ပေါင် (၂၂၀၀)အိတ်ကို စေတနာရှင်များမှ လှူဒါန်းထားရှိပြီး ဆက်လက်၍လည်း စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။      ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »