Latest News

Dropdown Menu

Monday, January 20, 2014

တာချီလိတ်၌ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ ယနေ့ ဇန်န၀ါရီလ (၂၀)ရက် နေ့လည် (၁၁)နာရီခန့်က လက်နက်ခဲယမ်း များကို တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

{ ဂျာမဏီနိုင်ငံလုပ်  SIG  SAUER  P 22 အမျိုးအစား ပစ္စတိုသေနတ် (၁)လက်၊ ကျည်ကဒ်(၁)ခုနှင့် ၄င်းကျည် (၁၃)တောင့် }

{ ဂျာမဏီနိုင်ငံလုပ် WALTHER တံဆိပ်ပါ ပစ္စတိုလေသေနတ်(၁)လက် ၄င်းကျည်ကဒ် (၁)ခု၊ ၄င်းလေသေနတ်ဖြင့် ပစ်ရသော ဘောသီး (၂၀၀)လုံး၊ ဂတ်စ်အိုးငယ်(၉)လုံး }

ဖြစ်စဉ်မှာ တာချီလိတ်ဘက်မှာ ကျိုင်းတုံဘက်သို့ မောင်းနင်လာသည့် Fortuner အမျိုးအစား ယာဉ်တစ်စီးအား အဆိုပါ ပူးပေါင်းအဖွဲ့မှ မသင်္ကာ၍ တားမြစ် စစ်ဆေးရှာဖွေရာမှ အဆိုပါ ယာဉ်၏ နောက်ခမ်းအတွင်း၌ B-111937 B-111937  နံပါတ်ပါ ဂျာမဏီနိုင်ငံလုပ် SIG  SAUER  P 22 အမျိုးအစား ပစ္စတိုသေနတ် (၁)လက်၊ ကျည်ကဒ်(၁)ခုနှင့် ၄င်းကျည် (၁၃)တောင့်၊ GAMO တံဆိပ်များပါသည့် ကျွန်းကွက်ရောင် လေသေနတ်(၁)လက်၊ အနက်ရောင် လေသေနတ်(၁)လက်၊ လေသေနတ်ဖြင့် ပစ်ရသော BUTTER FLY တံဆိပ်ပါ လေသေနတ်ကျည် (၁၂၅)တောင့်စီပါ ဗူးငယ်(၂)ဗူး၊ စုစုပေါင်း (၂၅၀)တောင့်၊ လေသေနတ်ဖြင့် ပစ်ရသော SRPER POINT တံဆိပ်ပါ လေသေနတ် ကျည် (၄၅၀)တောင့်စီပါ ဗူးငယ် (၂)ဗူး၊ စုစုပေါင်း (၉၀၀)တောင့်၊ လေသေနတ်တွင် အသုံးပြုသည့် ဂတ်စ်အိုးငယ် (၉)လုံး၊ 09H04839 နံပါတ်ပါ ဂျာမဏီနိုင်ငံလုပ် WALTHER တံဆိပ်ပါ ပစ္စတိုလေသေနတ်(၁)လက် ၄င်းကျည်ကဒ် (၁)ခု၊ ၄င်းလေပစ္စတိုသေနတ်ဖြင့် ပစ်ရသော ဘောသီး(၁၀၀)လုံးစီပါ ဗူးငယ် (၂)ဗူး၊ စုစုပေါင်း ဘောသီး (၂၀၀)လုံး နှင့် မှန်ပြောင်း(စနိုက်ပါ) (၁)ခု တို့ကို ရှာဖွေ တွေ့ရှိရကြောင်း သိရသည်။

{ GAMO တံဆိပ်ပါ လေသေနတ်(၁)လက်၊ 
GAMO တံဆိပ်ပါ အနက်ရောင် လေသေနတ်(၁)လက်၊ မှန်ပြောင်း(၁)ခု }


လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိရသည့် မောင်အိုက် အား တာချီလိတ်မြို့မ ရဲစခန်းမှ (ပ)၂၀/၂၀၁၄၊ ရှမ်းလက်နက် ပုဒ်မ ၁၂(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »