Latest News

Dropdown Menu

Sunday, January 5, 2014

မူဆယ်၌ မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ အောက်တုန်ခန်ရွာအနီး၌ မူးယစ်တပ်ဖွဲ့စူ(၂၂)မူဆယ်၊ (၁၀၅)မိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇန်န၀ါရီလ(၃)ရက်နှင့် (၄)ရက် နှစ်ရက်အတွင်း မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တုန်ရွာအနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးမှုများပြုလုပ်နေစဉ် မသင်္ကာဖွယ်တွေ့ရှိရသူ စိုင်းထွန်းအား ရှာဖွေစစ်ဆေးရာ ဘိန်းဖြူမှုန့် (၀.၅)ဂရမ် နှင့် Wy စာတန်းပါသည့် စိတ်ကြွဆေးပြား (၂)ပြား ရှာဖွေတွေ့ရှိရ၍ မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့မှပင် ဇန်န၀ါရီလ(၄)ရက်နေ့က မူဆယ်မြို့ ခိုမုံးကျေးရွာမှ မန်ပိန်းကျေးရွာအသွား လမ်းမပေါ်တွင် မသင်္ကာဖွယ် တွေ့ရှိရသူ အိုက်ညီxxအား ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင်ထား ဂျာကင်အင်္ကျီအတွင်းမှ ပင်နယ်စလင် ပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ (၀.၃)ဂရမ်ခန့်အား တွေ့ရှိရ၍ အိုက်ညီxxအား နမ့်ဖတ်ကာရဲစခန်းမှ မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »