Writen by
Tachileik News Agency
2:58 AM
-
0
Comments
ရန်ကုန်အခြေစိုက် ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့(AFP)မှ အကြီးတန်း ဆက်ဆံရေးအရာရှိ Mr. David Dalton နှင့် လက်ထောက်စုံစမ်းရေးအရာရှိ ဦးအောင်မင်းသိန်း တို့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ဆန်း နှင့် ဇန်န၀ါရီလ(၁၅)ရက် ညနေ (၄း၃၀)နာရီ ၀န်းကျင်က ရန်ကုန်မှ တာချီလိတ်သို့ လေကြောင်းလိုင်းဖြင့် လိုက်ပါလာခဲ့ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း နှင့် တွေ့ဆုံ၍ ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Mr. David Dalton နှင့် အဖွဲ့သည် အဆိုပါနေ့၏ ညနေ (၄း၄၅)နာရီအချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ သွားရောက်ပြီး ရဲဗလ အစည်းအဝေးခန်းမ၌ ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူးသန်းရွှေ နှင့်တွေ့ဆုံ၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူးသန်းရွှေ မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် Mr. David Dalton မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်ခဲ့သည့် မူးယစ်တပ်ဖွဲ့စု(၃၀)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့၏ တံဆိပ်အသစ်အား ဒုရဲမှူးသန်းရွှေ ထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons