Writen by
Tachileik News Agency
12:22 AM
-
0
Comments
တာချီလိတ်မြို့၏ ပထမဦးဆုံးအကြိမ်အဖြစ် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ယနေ့ ဇန်န၀ါရီလ(၅)ရက် နံနက်(၉)နာရီအချိန်မှ စ၍ မွန်းလွှဲပိုင်းအချိန်ထိ ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း နှင့် ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများက အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ပညာရေးစုံညီပွဲတော် အခမ်းအနားအား အ.ထ.က(မိုင်းကိုး)မှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာ စကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာများကို ရှင်းလင်တင်ပြသွားခဲ့သည်။
ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ အား ဆုများပေးအပ်ချီးမြှင့်ရာတွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်တွင် အင်္ဂလိပ်စာ/သင်္ချာ ထုးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မြို့နယ်အဆင့် အင်္ဂလိပ်စာ/သင်္ချာ ထူးချွန်ဆုရ ကျောင်းသား/သူများအား ဆု စုစုပေါင်း (၄၅) ဆုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ အ.ထ.က(ဆန်ဆိုင်း) ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်၊ အ.ထ.က(ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း) ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.ထ.က(မိုင်းကိုး)၊ အ.ထ.က(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း)၊ အ.လ.က(ပုန်းထွန်)၊ အမက(၀မ်မိုင်)၊ မူလွန်(တာလော့) နှင့် မူလွန်(ရန်အောင်မြေ) စသည့် ကျောင်းများမှ တေးသရုပ်ဖော် အကမျိုးစုံဖြင့် ကပြဖျော်ဖြေတင်ဆက်သွားခဲ့ကြသည်။
"ကလေးတွေရဲ့ တေးသရုပ်ဖော် ကပြတင်ဆက်မှုတွေက ကြည့်လို့ သိပ်ကောင်းတာပဲ၊ ဆန်ဆိုင်းကျောင်းက တင်ဆက်သွားတဲ့ အာဆီယံအကဆိုရင်လည်း သိပ်ကောင်းတဲ့ အစီအစဉ်ပဲ အင်္ဂလိပ်လို ပြောသွားတာတွေက ချစ်ဖို့ကောင်းတယ်၊ တခြားကျောင်းက တင်ဆက်မှုလေးတွေကိုလည်း ကြိုက်တယ်.."ဟု ကျောင်းသား မိခင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
ပုံများကိုကြည့်ရန်
ပညာရေးစုံညီပွဲတော် အခမ်းအနားအား အ.ထ.က(မိုင်းကိုး)မှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာ စကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာများကို ရှင်းလင်တင်ပြသွားခဲ့သည်။
ဆက်လက်၍ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.ထ.က(မိုင်းကိုး)၊ အ.ထ.က(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း)၊ အ.လ.က(ပုန်းထွန်)၊ အမက(၀မ်မိုင်)၊ မူလွန်(တာလော့) နှင့် မူလွန်(ရန်အောင်မြေ) စသည့် ကျောင်းများမှ တေးသရုပ်ဖော် အကမျိုးစုံဖြင့် ကပြဖျော်ဖြေတင်ဆက်သွားခဲ့ကြသည်။
"ကလေးတွေရဲ့ တေးသရုပ်ဖော် ကပြတင်ဆက်မှုတွေက ကြည့်လို့ သိပ်ကောင်းတာပဲ၊ ဆန်ဆိုင်းကျောင်းက တင်ဆက်သွားတဲ့ အာဆီယံအကဆိုရင်လည်း သိပ်ကောင်းတဲ့ အစီအစဉ်ပဲ အင်္ဂလိပ်လို ပြောသွားတာတွေက ချစ်ဖို့ကောင်းတယ်၊ တခြားကျောင်းက တင်ဆက်မှုလေးတွေကိုလည်း ကြိုက်တယ်.."ဟု ကျောင်းသား မိခင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
ပုံများကိုကြည့်ရန်
64 photos
78 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons