Writen by
Tachileik News Agency
7:12 AM
-
0
Comments
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ၌ ရုံးဖွင့်လှစ်ထားသည့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင်အကြာ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပြုလုပ်ပေးတော့မှာဖြစ်ကြောင်း သိရသည်။
ထိုသို့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တု(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တု(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။
"ဆိုင်ကယ်တွေကို လိုင်စင်ပေးတော့မယ်ဆိုတော့ လိုင်စင်မဲ့ ဆိုင်ကယ်ဈေးနှုန်းတွေ တက်လာတော့မယ်လို့ ထင်တယ်ဗျ၊ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းကလည်း အဲ့လိုပဲ ဆိုင်ကယ်တွေကို လိုင်စင်ချပေးတဲ့ ကာလမှာ လိုင်စင်မဲ့ ဆိုင်ကယ်ဈေးနှုန်းတွေ တက်ခဲ့ဘူးတယ်၊ ဒါပေမဲ့ လိုင်စင်ပေးတဲ့ ကာလကျော်လွန်သွားတဲ့ နောက်မှာတော့ ဈေးပြန်ကျသွားတယ်ဗျ"ဟု တာချီလိတ်မြို့မှ ဆိုင်ကယ်ပွဲစား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်ကာလက မော်တော်ဆိုင်ကယ်များအား ၅.၆.၂၀၁၂ မှ ၄.၁၁.၂၀၁၂ထိ လိုင်စင်များပြုလုပ်ပေးခဲ့ရာ ဆိုင်ကယ် (၁၆၉၆၀) စီးနှင့် သုံးဘီးဆိုင်ကယ် (၁၁၈၃) စုစုပေါင်း (၁၈၁၄၃) စီးအား လိုင်စင်ပြုလုပ်ပေးခဲ့ပြီးကြောင်း သိရှိရသည်။
မှတ်ချက်။ ။ ထိုင်းဘီး နှင့် တရုတ်ဘီးများ၏ မော်ဒယ်လ်သတ်မှတ်အချက်အလိုက် လိုင်စင်ဆောင်ခ နှုန်းထားများကို အထက်ပုံ များကို နိပ်၍ ကြည့်နိုင်ပါသည်။
{ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များ၏ လိုင်စင်ခ နှုန်းထားများကို ကြည့်ရန် }
ထိုသို့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တု(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တု(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။
{ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်များ၏ လိုင်စင်ခ နှုန်းထားများကို ကြည့်ရန် }
"ဆိုင်ကယ်တွေကို လိုင်စင်ပေးတော့မယ်ဆိုတော့ လိုင်စင်မဲ့ ဆိုင်ကယ်ဈေးနှုန်းတွေ တက်လာတော့မယ်လို့ ထင်တယ်ဗျ၊ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းကလည်း အဲ့လိုပဲ ဆိုင်ကယ်တွေကို လိုင်စင်ချပေးတဲ့ ကာလမှာ လိုင်စင်မဲ့ ဆိုင်ကယ်ဈေးနှုန်းတွေ တက်ခဲ့ဘူးတယ်၊ ဒါပေမဲ့ လိုင်စင်ပေးတဲ့ ကာလကျော်လွန်သွားတဲ့ နောက်မှာတော့ ဈေးပြန်ကျသွားတယ်ဗျ"ဟု တာချီလိတ်မြို့မှ ဆိုင်ကယ်ပွဲစား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်ကာလက မော်တော်ဆိုင်ကယ်များအား ၅.၆.၂၀၁၂ မှ ၄.၁၁.၂၀၁၂ထိ လိုင်စင်များပြုလုပ်ပေးခဲ့ရာ ဆိုင်ကယ် (၁၆၉၆၀) စီးနှင့် သုံးဘီးဆိုင်ကယ် (၁၁၈၃) စုစုပေါင်း (၁၈၁၄၃) စီးအား လိုင်စင်ပြုလုပ်ပေးခဲ့ပြီးကြောင်း သိရှိရသည်။
မှတ်ချက်။ ။ ထိုင်းဘီး နှင့် တရုတ်ဘီးများ၏ မော်ဒယ်လ်သတ်မှတ်အချက်အလိုက် လိုင်စင်ဆောင်ခ နှုန်းထားများကို အထက်ပုံ များကို နိပ်၍ ကြည့်နိုင်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Social Buttons