Writen by
Tachileik News Agency
6:45 AM
-
0
Comments
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှာ ယနေ့ ဖေဖော်ဝါရီလ(၁၅)ရက် ညနေ (၄)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျပ်ငွေ (၄၃)သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ တာလေမြို့နယ်ခွဲ မိုင်းလင်း(အနောက်)အုပ်စု၊ ၀မ်ကန်နားကျေးရွာရှိ ဦးကျxx၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်စစ်ဆေး ရှာဖွေရာမှာ ဦးကျxxx အိပ်သည့် မီးဖိုခန်းအတွင်းရှိ ခေါင်းရင်းဘက်မှ အစိမ်းရောင် လွယ်အိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား တစ်ထုပ်အား ရှာဖွေတွေ့ရှိရာ အဆိုပါအထုပ်ထဲ၌ စိတ်ကြွဆေးပြား (၁၆၇၀)ပြား ပါရှိပြီး တန်ဖိုးငွေမှာ ကျပ်(၄၁)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာတွင် ဘိန်းရွက်ဖြင့် ပတ်ထားသည့် ဘိန်းမဲ အလေးချိန်(၈၀)ဂရမ် နှင့် ထိုင်းဘတ်ငွေ (၅၃၃၀)ဘတ်တို့အား ရှာတွေ့ရှိရ၍ မိုင်းလင်းနယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
တဆက်တည်းမှာပင် အဆိုပါနေ့၏ ညနေပိုင်း( ၄း၃၀ )နာရီဝန်းကျင်မှာ တာလေမြို့နယ်ခွဲ မိုင်းလင်း(အနောက်)အုပ်စု၊ ၀မ်ကန်နားကျေးရွာရှိ ဦးလီxx၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်စစ်ဆေး ရှာဖွေရမှ တန်ဖိုးငွေကျပ်(၂)သိန်းကျော်တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၈၁)ပြားအား ရှာဖွေတွေ့ရှိရ၍ မိုင်းလင်းနယ်မြေရဲစခန်းမှ မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Social Buttons