Latest News

Dropdown Menu

Sunday, February 9, 2014

၇၆ သိန်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မူဆယ်မြို့၌ ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ  မူဆယ်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အနီး လမ်းမပေါ်မှာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တန်ဖိုးငွေကျပ် (၇၆)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို ဖေဖော်ဝါရီလ(၉)ရက် ည(၈)နာရီအချိန်ခန့်က  တရားခံ နှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ  မူဆယ်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အနီး လမ်းမပေါ်မှာ ရပ်တန့်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေစဉ် (၁၀၅)မိုင်(မိုင်းယု) ကျေးရွာဘက်မှ မူဆယ်မြို့ဘက်သို့ ရန်ကော်xxx မောင်းနှင်ပြီး လုရှင်းxx အနောက်မှ စီးလာသည့် တရုတ်နိုင်ငံလုပ် ဟွန်ဒါဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ လုရှင်းxxxလွယ်ထားသည့် လွယ်အိတ်အတွင်းမှ Wy စာတန်းပါသည့် ပန်းရောင် စိတ်ကြွဆေးပြား အထုပ်(၁)ထုပ်လျှင် ဆေးပြား (၁၉၀)ပြားစီပါသည့် အထုပ်(၂၀)ထုပ်ကို တွေ့ရှိရာ စုစုပေါင်း ဆေးပြားများမှာ (၃၈၀၀)ပြားရှိပြီး အဆိုပါ စိတ်ကြွဆေးပြားများ၏ စုစုပေါင်း ကာလတန်ဖိုးမှာ ကျပ်(၇၆)သိန်းခန့် ရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား ရောင်းချရန် သယ်ဆောင်လာသူ အဆိုပါ တရားခံ နှစ်ဦးအား မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၁၅/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »