Writen by
Tachileik News Agency
1:31 AM
-
0
Comments
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါဆတ်ကျေးရွာ၌ မူးယစ်ဆေးဝါးအနည်းငယ်နှင့် လေပစ္စတိုသေနတ် (၁)လက်တို့ကို တရားခံ (၃)ဦးနှင့်အတူ ယနေ့ ဖေဖော်ဝါရီလ(၉)ရက် နေ့လည်(၁၁)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ဟောင်လိတ်ကျေးရွာအုပ်စု ပါဆတ်ရွာရှိ နေအိမ်တစ်အိမ်သို့ မူးယစ်ဆေးဝါး သတင်းပေးချက်အရ သွားရောက် စစ်ဆေး ရှာဖွေရာ အိမ်ရှင်ဖြစ်သူ မောင်ဝင်းxxx နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသူ မောင်ချမ်း နှင့် မောင်ကိုဝင်းxxxတို့အား အသင့်တွေ့ရှိရပြီး ဆက်လက် စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြား (၃၂)ပြား နှင့် စိတ်ကြွဆေးပြား ရှုရာတွင် အသုံးပြုသည့် ကိရိယာများ အပြင် နံပါတ်(၂)အဆင့်ရှိ လေပစ္စတို သေနတ်(၁)လက်နှင့် အဆိုပါ သေနတ်တွင် ထည့်သွင်းပစ်ခတ်ရသည့် ဘောစေ့(၁၂)လုံးတို့အား တွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ အိမ်ရှင်ဖြစ်သူနှင့် မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ စုစုပေါင်း (၃)ဦးတို့အား တာချီလိတ်မြို့ ရဲစခန်းမှ မယ(ပ)၂၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
ဆက်လက်၍ အိမ်ရှင်ဖြစ်သူနှင့် မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ စုစုပေါင်း (၃)ဦးတို့အား တာချီလိတ်မြို့ ရဲစခန်းမှ မယ(ပ)၂၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Social Buttons