Writen by
Tachileik News Agency
4:19 AM
-
0
Comments
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ၌ ရုံးဖွင့်လှစ်ထားသည့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင်အကြာ မော်တော်ဆိုင်ကယ်များအား ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စ၍ လိုင်စင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးရာတွင် ယခင်နှစ်ကလို ရပ်ကွက်ပေါင်းစုံ ရောနှော၍ ပြုလုပ်ပေးတာမဟုတ်ပဲ လိုင်စင်ပြုလုပ်သူများအနေဖြင့် စောင့်ဆိုင်းရသည့် အခက်ခဲများ မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်အလိုက် ကျေးရွာအုပ်စုအလိုက် နေ့ရက်သီးသန့်စီ သတ်မှတ်ကာ ပြုလုပ်ပေးနေပြီး ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နှင့် (၁၈)ရက်တို့တွင် ပုန်းထွန်ရပ်ကွက်အား စတင်၍ ပြုလုပ်တာမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များအလိုက် အစဉ်တကျဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တု(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တု(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။
ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်တွင် ပုန်းထွန်ရပ်ကွက်ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များအား အခွန်ဆောင်၍ လိုင်စင်ပြုလုပ်ပေးရာ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် အစီး(၈၃)စီး ပြုလုပ်ပေးပြီးကြောင်း သိရှိရသည်။
ထိုသို့ပြုလုပ်ပေးရာတွင် ယခင်နှစ်ကလို ရပ်ကွက်ပေါင်းစုံ ရောနှော၍ ပြုလုပ်ပေးတာမဟုတ်ပဲ လိုင်စင်ပြုလုပ်သူများအနေဖြင့် စောင့်ဆိုင်းရသည့် အခက်ခဲများ မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်အလိုက် ကျေးရွာအုပ်စုအလိုက် နေ့ရက်သီးသန့်စီ သတ်မှတ်ကာ ပြုလုပ်ပေးနေပြီး ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နှင့် (၁၈)ရက်တို့တွင် ပုန်းထွန်ရပ်ကွက်အား စတင်၍ ပြုလုပ်တာမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များအလိုက် အစဉ်တကျဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်တွင် ပုန်းထွန်ရပ်ကွက်ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များအား အခွန်ဆောင်၍ လိုင်စင်ပြုလုပ်ပေးရာ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် အစီး(၈၃)စီး ပြုလုပ်ပေးပြီးကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


.jpg)

Social Buttons