Writen by
Tachileik News Agency
8:46 AM
-
0
Comments
ယနေ့ ၂၄.၅.၂၀၁၂ အတွက် တာချီလိတ်အွန်လိုင်းစာမျက်နှာ အနေဖြင့် ရရှိထားသော သတင်းတိုများကို ဖော်ပြပေးလိုက်ပါသည်။မူးယစ်သတင်း
တာချီလိတ်မြို့ရှိ လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်တွင် ညနေ (၄)နာရီအချိန်ခန့်၌ တာချီလိတ်မူးယစ်(အထူး)အဖွဲ့ ရဲအုပ်မြင့်လွင် ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာဝန်အရ ယာဉ်နှင့်လူများကို ရပ်တန့်စစ်ဆေးမှုပြုလုပ်ရာ မိုင်းဆတ်မှ တာချီလိတ်မြို့သို့ ၀င်ရောက်လာသော မသင်္ကာဖွယ်လူနှစ်ဦးနှင့် ၎င်းတို့စီးနင်းလာသော ပါကျဲရိုးကားအား ရပ်တန့်စစ်ဆေးရာ ကားအတွင်း၌ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၂၀၀၀)ပြားပါသော အထုပ်(၁)ထုတ်ကို တွေ့ရှိရမိသဖြင့် ၎င်းတို့အား သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
ပါတီသတင်း
တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးစိုင်းသန်းထွန်းလေးနှင့် ပါတီဝင်ဦးရေ(၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယာယီနိုင်ငံကူးလက်မှတ်သတင်း
တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားသော ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ၂၄.၅.၂၀၁၂ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ယာယီနိုင်ငံကူးလက်မှတ်များကို ကျား(၅၂)ဦး၊ မ(၉၀)ဦး တို့အားထုတ်ပေးလျက်ရှိရာ စုစုပေါင်း(၁၄၂)ဦးဖြစ်ပြီး ရုံးစဖွင့်သော နေ့မှစ၍ ယနေ့ ၂၄.၅.၂၀၁၂ထိတွင် ကျား ( ၆၇၀၅၄ )ဦး၊ မ ( ၆၆၃၉၀ )ဦး စုစုပေါင်း ( ၁၃၃၄၄၄ )တို့အား ယာယီနိုင်ငံကူးလက်မှတ်များကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Social Buttons