Latest News

Dropdown Menu

Tuesday, May 22, 2012

တာချီလိတ်အွန်လိုင်းစာမျက်နှာအတွက် Android Widget

အခုနောက်ပိုင်း ဖုန်းအသုံးပြုသူများအနေဖြင့် ios သုံး iphone, Android os သုံး Samsung, Dell, Acer, Wellcom, HTC, Motorla စသည့်ဖြင့် Android ဖုန်းတွေကို တော်တော်များများသုံးလာကြတဲ့အတွက် ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာမှ စာဖတ်သူပရိသတ်အတွက် ဖုန်းထဲကနေ ၀င်ရောက်မယ်ဆိုရင် www.tachileik.net ဆိုပြီး လိပ်စာရိုက်ပြီး ၀င်စရာမလိုတော့ပဲ Tachileik News APk ကို install လုပ်ထားပါက Widget ကို နိပ်လိုက်တာနဲ့ တာချီလိတ်အွန်လိုင်းစာမျက်နှာကို ရောက်ရှိဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

အခု တင်ပြတဲ့ ပိုစ့်လေးကတော့ Android OS သုံး touch screen ဖုန်းတိုင်းအတွက် အသုံးဝင်မှာဖြစ်ပြီး Iphone, Nokia, Java Phone နဲ့ တရုတ်ဖုန်းတွေမှာ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။

Tachileik News APk ကို ရယူမယ်ဆိုရင်တော့ ဖုန်းထဲကနေ တိုက်ရိုက် ရယူတာ အကောင်းဆုံးဖြစ်ပါတယ်။ တာချီလိတ်အွန်လိုင်းစာမျက်နှာရှိ ( အောက်ပါပုံတွင်ကြည့်ပါ) အပေါ်ဆုံးမှာ ပြပေးထားတဲ့ နေရာကို နိပ်ပြီး Download ဆွဲပြီး တခါတည်း install လုပ်ရင် အဆင်ပြေပါတယ်။
{ပုံမှာ ပြထားတဲ့အတိုင်း ဖုန်းထဲကနေ၀င်ပြီး Download လုပ်နိုင်ပါသည်}
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အဲ့လိုမှမဟုတ်ပဲ ကွန်ပျူတာက တစ်ဆင့် Download ပြီး ဖုန်းထဲကို ထည့်ချင်တယ်ဆိုရင် တာချီလိတ်အွန်လိုင်းစာမျက်နှာအပေါ်ဖက်ကို နိပ်ပြီး Download နိုင်သလို Download နေရာမှာလည်း ရယူနိုင်ပါတယ်။



{Android Phone ထဲမှ Tachileik News app ကို တွေ့မြင်ရပုံ}


{Android Tablet ထဲမှာ Tachileik News app ကို တွေ့မြင်ရပုံ}

ဖုန်းထဲမှာ apk ကို install လုပ်ဖို့ အောက်ပါအတိုင်း မပြုလုပ်ရသေးရင်တော့ လုပ်ဖို့လိုပါတယ်။
  1. Setting-->Applications-->Unknown Sources မှာ အမှန်ခြစ်ပေးဖို့လိုပါတယ်။
  2. Setting-->Applications--> Development မှာ အကုန်လုံးကို အမှန်ခြစ်ပေးပါ
Install လုပ်နည်းကို နားမလည်ရင်တော့ ကော်မန့်ပေးပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ....


အကောင်းဆုံးမဟုတ်ရင်တောင်
အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမည့်
တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net


« PREV
NEXT »