Writen by
Tachileik News Agency
10:50 AM
-
0
Comments
၃၀.၄.၂၀၁၂ မှ ၁.၅.၂၀၁၂ထိ ( ၂ )ညတိုင်တိုင် တရားပွဲကို သုဓမ္မမဏိဇောတဓရဘွဲ့တော်ရ ဦးမောင်လေး (အဆွေတော်)၊ ဦးတင်လှိုင် နှင့်ဇနီး ဒေါ်နန်းမိမိလေး မိသားစုမှ ပထမအကြိမ်အဖြစ် ကြီးမှူးကျင်းပပြုလုပ်သော ဓမ္မပူဇာတရားသဘင်တွင် မြန်မာနိုင်ငံတောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော်
အရှင်ကုသလဇောတိ ( သာသနာ့ဓဇဓမ္မာစရိယ)မှ ( ၂ )ည တိုင်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြား၍ တရားအလှူပေးခဲ့ပါသည်။
အရှင်ကုသလဇောတိ ( သာသနာ့ဓဇဓမ္မာစရိယ)မှ ( ၂ )ည တိုင်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြား၍ တရားအလှူပေးခဲ့ပါသည်။
ထိုတရားပွဲ၌ တရားပွဲဝေယျာဝစ္စအဖြစ် အလင်းရောင်ပရဟိတအသင်းမှ ကုသိုလ်ယူ ပါဝင်ဆောင်ရွက်ကြပြီး တရားပွဲလာပရိသတ်များကိုလည်း သွားလာမှုအဆင်ပြေရန်အတွက် ကြိုပို့ယာဉ်ဖြစ် ပို့ကြိုပြုလုပ်ခဲ့ကြသည်။
ထို့နောက် အလှူငွေပေးအပ်ပွဲကိုလည်း ရေစက်မချမှီအချိန်၌ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
"တရားတစ်ပွဲ၏ တန်ဖိုးသည်"
စင်္ကြံဝဠာ တစ်ခုလုံးကို သံမံတလင်းခင်းလိုက်ပါ ဘုရားနှင့်ရဟန္တာများ အကြားမလပ်ထိုင်ခိုင်းပါ။ ပြီးလျှင် ဘ၀ဂ်အထိအမြှင့်ပြီးထပ်လိုက်ပါ။ ပြည့်သွားလျှင် ကြာသင်္ကန်းတစ်စုံစီလှူလိုက်ပါ။ အဲ့ဒီအလှူမျိုး (၂၅၆)ကြိမ်လှူမှသာ တရားတစ်ပွဲဟောပြောခြင်း ဖြစ်မြောက်ခြင်းနှင့် ညီမျှကြောင်း ဆရာတော်ကြီးများမှ ကျမ်းနှင့်အညီဟောပြောထားပါသည်။
{ပဋိစ္စသမုပ္ပါဒ်သင်တန်း အမှတ်စဉ် - ၅/၆/၇}
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ပုံများကို ပြည့်စုံစွာ ကြည့်လိုလျှင်
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons