Writen by
Tachileik News Agency
7:42 PM
-
0
Comments
ငွေတောင်ဦးကမ္မဌာန်းကျောင်း၏ (၃၇)ကြိမ်မြောက် ကဆုန်ညောင်းရေသွန်းပွဲ
တာချီလိတ်မြို့ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် ကဆုန်လပြည့် စနေနေ့( ၅.၅.၂၀၁၂ )၌ ငွေတော်ဦးခြေတော်ရာပါဒစေတီရင်ပြင်ပေါ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓြ့မတ်စွာဘုရား နိယတဗျာဒိတ်ဆင်မြန်းတော်မူသောနေ့၊ မြတ်စွာဘုရား ဖွားမြင်တော်မူသောနေ့၊ မဟာဗောဓိရွှေညောင်တော်ပင် ပေါက်သောနေ့၊ သဗ္ဗညုတရွှေဥာဏ်တော်ရရှိ၍ ဘုရားဖြစ်တော်မူသောနေ့၊ မဟာဗုဒ္ဓ၀င် ဟောတော်မူသောနေ့၊ ဗုဒ္ဓမြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံတော်မူသောနေ့များဖြစ်ပါသည်။
ကဆုန်လပြည့်
- ၁- ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာ အမျိုးကောင်းသားကို လေးသင်္ချေ ကမ္ဘာတသိန်းထက်မှာ ဂေါတမ ဗုဒ္ဓနာမည်နဲ့ ဘုရားဖြစ်လိမ့်မယ်လို့ မိန့်ကြားခဲ့တာလဲ ဒီကဆုန်လပြည့်နေ့ပါပဲ။
- ၂- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် ဘီစီ ၆၂၃ မှာ မွေးဖွားခဲ့ပါတယ်။
- ၃- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။
- ၄- မဟာသက္ကရာဇ် ၁၀၄ ကဆုန်လပြည့် ဘီစီ ၅၈၇ မှာ ဗုဒ္ဓ၀င်အကျဉ်းကိုဟောတော်မူပါတယ်
- ၅= မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အဂါင်္နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် ၀င်စံတော်မူပါတယ်။
သို့ဖြစ်ပါ၍ တာချီလိတ်မြို့သူ/မြို့သား နယ်သူ/နယ်သား ပပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့မှ မိမိတို့ သဒ္ဓါတရားအလျောက် ပါဝင်လှူဒါန်း၍ ကြည်ညိုဒ္ဓါတရားများ ပွားများအားထုတ်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်ကိုး၍ လေးစားစွာဖြင့် နှိုးဆော်ဖိတ်ကြားလိုက်ပါသည်။
အစီအစဉ်
- ( ၁ ) ၅-၅-၂၀၁၂ စနေနေ့၊ နံနက် ( ၇ )နာရီအချိန်တွင် မဟာဗောဓိရွှေညောင်ပင်အား ပန်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် သွန်းလောင်းပူဇော်ခြင်း။
- ( ၂ ) ၅-၅-၂၀၁၂ စနေနေ့၊ နံနက် ( ၁၀ )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။
- ( ၃ ) ၅-၅-၂၀၁၂ စနေနေ့၊ မွန်းတည့် ( ၁၂ )နာရီအချိန်တွင် ခြေတော်ရာဘုရား ဓမ္မာရုံသစ်ကြီးတွင် သံဃာတော်အရှင်သူမြတ်တို့ ဟောကြားတော်မူသော ပရိတ်တရားတော်၊
- အနုမောဒနာတရားတော်မြတ်တို့ကို တူမကွာ နာယူမှတ်သား၍ ရေစက်သွန်းချအမျှပေးဝေခြင်း။
- ( ၄ ) ၅-၅-၂၀၁၂ စနေနေ့၊ နေ့လည် ( 1 )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်
- ( ၁၀၈ )ပါးတို့နှင့် သီလရှင် ( ၆၀ )ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း။
ရွှေတိဂုံစေတီကုန်းတော်ပေါ်ရှိ ကဆုန်လပြည့် ညောင်ရေသွန်းပွဲ
ထို့အတူ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်တွင် တတိယအကြိမ်မြောက်အဖြစ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နှင့် ကုသိုလ်ရှင်များမှ ဗောဓိရွှေညောင်တော်အား ရေသွန်းလောင်းမှာဖြစ်ကြောင်း ထပ်မံ၍ အသိပေးနှိုးဆော်လိုက်ပါသည်။
အလင်းရောင်ပရဟိတအသင်း
၅.၅.၂၀၁၂ နံနက် (၆)နာရီမှစ၍ ရှမ်းရိုးမကွင်းတွင် သံဃတော်မြတ်အပါး(၆၀၀)ကျော်တို့အား တာချီလိတ်ရှိ မြို့မိမြို့ဖများနှင့်စုပေါင်း၍ ဆွမ်းလောင်းလှူမှာဖြစ်ပါသည်။
၅.၅.၂၀၁၂ ကဆုန်လပြည့် စနေနေ့၌ ကုသိုလ်ယူဖွယ် ပွဲသုံးပွဲ
- နံနက်(၆)နာရီမှစ၍ ရှမ်းရိုးမကွင်းတွင် အလင်းရောင်ပရဟိတသင်းမှ ဆွမ်းလောင်းပွဲ
- နံနက်(၆)နာရီမှစ၍ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ကဆုန်ညောင်ရေသွန်းပွဲ
- နံနက်(၇)နာရီမှစ၍ ငွေတောင်ဦးကမ္မဋ္ဌာန်းကုန်းတော်ပေါ်ရှိ ကဆုန်ညောင်ရေသွန်းပွဲ
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
ကိုးကား။ ။ ဗုဒ္ဓကမ္ဘာ ( အရှင်တိက္ခဥာဏာလင်္ကာရ )
Social Buttons