Writen by
Tachileik News Agency
8:08 AM
-
1
Comments
၁၀.၅.၂၀၁၂ရက်နေ့ နံနက် ၁၀နာရီ မိနစ်၃၀ခန့်တွင်
တာချီလိတ်မူးယစ်(အထူး)မှ ရဲအုပ်ဝင်းဇော်၊ ရဲအုပ်သန်းစိုး၊ ရဲအုပ်ဌေးလွင်၊ ရဲတပ်ကြပ်ကြီးဇော်နိုင်ဝင်းတို့ပါဝင်သော အဖွဲ့သည် သတင်းအရ ဆန်ဆိုင်း(ခ)ရက်ကွက်၊ အားကစားရုံလမ်းသွယ်(၂)လမ်းမပေါ်တွင် စောင့်ဆိုင်းနေချိန်၌ မသင်္ကာစရာ အသက်(49)နှစ်အရွယ် လူတစ်ဦးအား တားမြစ်စစ်ဆေးရာမှ ၎င်း၏ဆိုင်ကယ်ရှေ့ခြင်းတွင် အညိုရောင် လက်ကိုင်ပ၀ါဖြင့် ထုတ်လျက်သားဖြစ်နေသော အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်ထားသည့် WY စာတမ်းပါ အပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)စီပါသော (၁၀)အိတ်အား ရှာဖွေ့ရမိသည်။ စုစုပေါင်း အရေအတွက်မှာ (၂၀၀၀)ပြားဖြစ်ပြီး အလေးချိန်မှာ (၂၀၀)ဂရမ်ခန့်ရှိသည်ဟု သတင်းရရှိပါသည်။
ထို့ပြင် တရားခံ၏ ထွက်ချက်အရ ၎င်းနေထိုင်သော (လွယ်တော်ခမ်းကျေးရွာ)နေအိမ်၌ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ( ၂၉၀ )ပြား နှင့် ဘိန်းစိမ်းဟုယူဆရသော အမဲရောင်အစေး(၂၅)ဂရမ်တို့အား ထပ်မံတွေ့ရှိရသည်။ မူးယစ်တရားခံအား သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons