Writen by
Tachileik News Agency
2:09 AM
-
0
Comments
တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု၊ ဟွေရယ်ကျေးရွှာ ပရဟိတ ရွှေတောင်တန်းကျောင်းတိုက်၌ အေးသုခမဟာသိမ်တော်အောင်ပွဲအထိမ်းအမှတ်အဖြစ် ဓမ္မပူဇာဓမ္မသဘင်ကို (၁၄/၁၅/၁၆.၅.၂၀၁၂)ထိ (၃)ညတိုင်တိုင် တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်ရာ တရားချစ်ခင်သူ ဓမ္မမိတ်ဆွေများကို အသိပေးနှိုးဆော်လိုက်ပါသည်။


ပထမည ၁၄.၅.၂၀၁၂ တွင် ဟောကြားမည့်ဆရာတော်မှာ
ဘဒ္ဒန္တနေမိန္ဒ
(သာသနာ့ဓဇဓမ္မာစရိယ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ မန္တလေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကထိက)
ဒုတိယည ၁၅.၅.၂၀၁၂ တွင် ဟောကြားမည့်ဆရာတော်မှာ
ဘဒ္ဒန္တဓမ္မာစာရ
နိုင်င့တော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္တ၀ါစကပဏ္ဍိတ
သာသနဓဇဓမ္မာစရိယ၊ ၀ိနယဓရ၊ ၀ိနယ၀ိဒူ၊ ဥဘတောဝိဘင်္ဂကောဝိ၊ ကောလင်းမြို့။
တတိယည ၁၆.၅.၂၀၁၂တွင် ဟောကြားမည့်ဆရာတော်မှာတို့ဖြစ်ကြပါသည်။
ဘဒ္ဒန္တ သုဝဏ္ဏာလင်္ကာရ
အဂ္ဂမဟာပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ(LL.B)
မန္တလေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကထိက
ဆရာတော်ဘုရားများမှာ တာချီလိတ်မြို့ရှိ ပရဟိတရွှေတောင်တန်းကျောင်းတိုက်တွင် အေးသုခမဟာ သိမ်တော်အား မြေနုတ် သိမ်သမုတ်ရန်အတွက် ကြွရောက်လာခြင်းဖြစ်ပြီး ယခုလို တာချီလိတ်မြို့သို့ ကြွရောက်လာခိုက် တရားအလှူပေးခြင်းဖြစ်ပါသည်။
ပုံများကို ကြည့်ရန်
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons