Writen by
Tachileik News Agency
8:39 PM
-
0
Comments
၁၄.၅.၂၀၁၂ တနလာင်္နေ့ နံနက် (၈)နာရီ မိနစ်(၃၀)ခန့်တွင် တာချီလိတ်မြို့ရှိ အ.ထ.က(၁) စာသင်ကျောင်း၏ ခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြသည်။
ထိုအခမ်းအနားဖွင့်ပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊ မြို့နယ်ရဲမှုး၊ မြို့နယ်စည်ပင်၊ ပညာရေးမှုနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ တာလေ၊ တာချီလိတ် မှ ဆရာ/မ (၅)ဦးစီနှင့် ကြက်ခြေနီအ၀င်ဖွဲ့တစ်ဦးစီ တက်ရောက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးသက်လွင်မှ သင်တန်းအဖွင့်အမှာစကားကို ပြောကြားပြီး သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဦးအောင်သောင်းရွှေ မှ ရှင်းလင်းပြောကြားရင် အခမ်းအနားအစီအစဉ်မှာ (၉)နာရီ (၂၅)မိနစ်တွင် ပြီးဆုံးခဲ့ပါသည်။

လူမှု့အစ စည်းကမ်းက ဆိုသလို စည်းကမ်းပြည့်ဝဖို့ရာ ကလေးသူငယ်များမှ စ၍သင်ပေးပါမှ ရလဒ်ကောင်းပါမည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ ရှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ တာလေ၊ တာချီလိတ် စာသင်ကျောင်းများမှ ဆရာ/မ များအား ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းကို ၁၄.၅.၂၀၁၂ မှ ၂၀.၅.၂၀၁၂ထိ ပို့ချပေးလျက်ရှိသည်။
သင်တန်းမှဆင်းသွားသော ဆရာ/မ အနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသော ကျောင်းသို့ ပြန်ရောက်သောအခါ ကျန်ရှိနေသော ဆရာ/မ များအား ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သဘောတရားများကို ပြန်လည်သင်ကြားပေးရေးနှင့် ကျောင်းသား ကျောင်းသူတို့၏ အသိစိတ်၌ သန့်ရှင်းစင်ကြယ်လိုစိတ် နှင့် ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး အတွေးအမြင်များကို ရရှိစေရန်အတွက်လည်း ပြန်လည်ပိုချနိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ ညွှန်ကြားပို့ချနေခြင်းဖြစ်ပါသည်။
ပုံများကို စုံလင်စွာ ကြည့်လိုလျှင် နိပ်ပါ
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons