Latest News

Dropdown Menu

Wednesday, June 6, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်(၈)ဦး တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်တွေ့ဆုံ

၆.၆.၂၀၁၂ နံနက် ၉နာရီ၃၅မိနစ်တွင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် (၈)ဦးတို့သည် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်၍ တစ်ဦးချင်းစီအလိုက် မိတ်ဆက်၍ အပြန်အလှန်ပြောဆိုဆွေးနွေးကြရင်း တာချီလိတ်မြို့တွင် ၎င်းတို့အတွက် ပွဲဖြစ်မြောက်အောင် ပြုလုပ်ကျင်းပပေးသည့်အတွက် ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ကြသည်။






အလှန်အပြန်ပြောဆိုဆွေးနွေးပွဲတွင် တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် တစ်ဦးမှ NLD နှင့် National League for Democracy အပြင် ဒီချုပ် စသည့်အခေါ်အဝေါ်ကို ရှင်းလင်းပြောကြားပေးပါရန် တောင်းဆိုသောအခါ ကိုမင်းကိုနိုင်မှ သိရှိနားလည်ထားသလို ပြန်လည်ရှင်းပြခဲ့သည်။

ထို့နောက် တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် တစ်ဦးမှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါရှိသော အာဏာသိမ်းနိုင်သည့် ကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာကို မေးမြန်းသည့်အခါ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့် ကိုဂျင်မီတို့မှ လေးနက်စွာပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထိုဖြေကြားမှုတွင်လည်း ကိုဂျင်မီမှ မီဒီယာပိုင်းနှင့်ပတ်သက်၍ ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ပြောကြားခဲ့သည့်အကြောင်းအရာမှာ တာချီလိတ် website ရှိနေတာ ကောင်းမွန်ကြောင်း တစ်ပတ်တစ်ခေါက် ဂျာနယ်အသေးစားလေးမှ အကြီးသည့် ထုတ်နိုင်ရင် ကောင်းမွန်ကြောင်း ထည့်သွင်းပြောကြား အကြံပေးသွားခဲ့ပါသည်။


ကျွန်တော်တို့တာချီလိတ်အွန်လိုင်းစာမျက်နှာ အနေဖြင့်လည်း ဤသို့စိတ်ကူးရှိပါသည်။ အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားနေလျက်ဖြစ်ကြောင်း ပြောလိုက်ပါရစေခင်ဗျာ......။
တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ၁၀နာရီမိနစ်၄၀တွင် ပြီးဆုံးစေခဲ့သည်။

ပုံများကိုကြည့်ရန်

မှတ်တမ်း ဗီဒီယိုအား တင်ပေးသွားပါမည်.....

ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်း စာမျက်နှာ
www.tachileik.net
« PREV
NEXT »