Latest News

Dropdown Menu

Sunday, July 1, 2012

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာချီလိတ်မြို့မဈေးမှ ပျံကျဈေးသည်များနှင့်တွေ့ဆုံ



၁.၇.၂၀၁၂ရက်နေ့ နေ့လည် (၂)နာရီခန့်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ တာချီလိတ်မြို့နယ် စည်ပင်သာရေးအဖွဲ့ တာချီလိတ် စည်ပင်ဗိုလ်မှူး ဦးကိုကို နှင့် တာချီလိတ်မြို့မဈေးအတွင်းရှိ ဈေးသူဈေးသားများ၊ ပျံကျဈေးသည်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဈေးအတွင်းစည်ကမ်းရှိစေရေးနှင့် ပျံကျဈေးသည်များအနေဖြင့် နေရာအတည်တကျရှိစေရေး၊ ပျံကျဈေးသည်များအား ဆင်းရဲနွမ်းပါးမှုလျော့ချစေနိုင်ရးနှင့် စည်ပင်အဖွဲ့မှတဆင့် ပျံကျဈေးသည်များအား ချေးငွေများ ချပေးရေး စသည့်ကိစ္စရပ်များကို အပြန်အလှန်ပြောဆို ဆွေးနွေးခဲ့ကြသည်။




ပျံကျဈေးသူတစ်ဦးမှ "အခုလိုစည်းကမ်းတကျနဲ့ လုပ်ပေးနိုင်မယ်ဆိုရင်ကောင်းပါတယ်။ ကျွန်မတို့အနေနဲ့ကလည်း အဆင်ပြေတာကိုပဲ မြင်ချင်ပါတယ်"ဟု တာချီလိတ်အွန်လိုင်းစာမျက်နှာ သို့ ပြောကြားလာပါသည်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »