Writen by
Tachileik News Agency
4:02 AM
-
0
Comments
ပြီးခဲ့သော ၂၀၁၂ခုနှစ် ဇွန်လ၏ နောက်ဆုံးအပတ်ထဲတွင် မဲခေါင်မြစ် ရွှေတြိဂံနှင့် ၁၀ကီလိုမီတာခန့်တွင်ရှိသော မိုင်းမွမ်းလှေဆိပ်၏ အပေါ်ဖက် လာအိုမြောက်ပိုင်းနယ်နိမိတ်တွင် စက်လှေအသေးစား တစ်စီးအား ပစ်ခတ်မှုကြောင့် စက်လှေမောင်းသောသူ အပါအ၀င် ခရီးသည် (၃)ဦး သေဆုံးသွားကြောင်း သိရသည်။သေဆုံးသော ခရီးသည် (၃)ဦးမှာ မြန်မာလူမျိုးများဖြစ်ပြီး ၎င်းတို့အား ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကိုမသိသေးသော်လည်း ထိုစက်လှေသည် ဤဒေသကို အမြဲဖြတ်သန်းသွားလာလေ့ရှိကြောင်း သတင်းရရှိထားသည်။
၅.၁၀.၂၀၁၁ တွင် တရုတ်သဘောင်္ကို စိုင်းနော်ခမ်းအဖွဲ့က ပစ်ခတ်သောကြောင့် လူ(၁၃)ဦး သေဆုံးပြီးနောက်မှာတော့ မြန်မာနယ်ဖက်သို့အလှံဖြူစက်လှေကို သွားလာခွင့်မပေးထားသလို အာဏာပိုင်များရဲ့ အမိန့်အရ ဘယ်စက်လှေမှ သွားလာခြင်းမရှိတော့ကြောင်းသိရသည်။
ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ စမ်ဖူးရွာကနေ ရွှေတြိဂံသို့ သွားလာဖြတ်သန်းရန် စက်လှေမရှိတော့ပါ။ အကြောင်းမှာဖြတ်သန်းသွားလာရန် မရဲသောကြောင့်ဖြစ်သိဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ လာအိုနိုင်ငံ သွန့်ဖိန်မြို့နယ် ဘော်ကျော်နယ်နိမိတ်ရှိ ကာစီနို အလောင်းကစားရုံများတွင် ကိုယ့်လုံခြုံရေးအရဖြင့်တရုတ်လူမျိုး အယောက်(၂၀၀)ကို လုံခြုံရေးအစောင့်အဖြစ် ခန့်ထားကြောင်း နှင့် ထိုင်း-လာအို-မြန်မာ-တရုတ် (၄)နိုင်ငံပူးပေါင်း၍ မဲခေါင်မြစ်ရေ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးစီမံကိန်းများကို တိုးမြှင့်ရန် ဆောင်ရွက်နေကြောင်း ထိုင်းသတင်းဌာနတစ်ခုမှသတင်းရရှိပါသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons