Latest News

Dropdown Menu

Monday, July 9, 2012

စိတ်ကြွဆေးများကို မြန်မာလူမျိုးတစ်စုမှ ၀ယ်ပေးသည်ဟုဆို


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ချင်းရိုင်းသို့ တရားမ၀င် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာကြရန်ရှိသည်ဟု သတင်းရရှိထားကြောင်းကို ဒုဗိုလ်မှူးကြီး ယုထကော်ထမ်းမ၀ုန်းမှ သတိပေးပြောကြားလာသောကြောင့် မယ်ကျန့်ဂိတ်တစ်လျှောက် စစ်ဆေးမှုများကို တိုးမြှင့်ထားလျက်ရှိကြောင်းသိရသည်။

9.7.2012ရက်နေ့ 00:15 AM အချိန်တွင် မယ်ကျန့်စစ်ဆေးရေးဂိတ်၏ မနီးမဝေး၌ ကားတစ်စီးထိုးရပ်ထားသည်ကို တွေ့ရ၍ ရဲများက သွားရောက် စစ်ဆေးကြည့်ရာ ယာဉ်အမှတ် กง-162 ကိုမောင်းနင်လာသော ထိုင်းနိုင်ငံသား ဦးနိုင်းစမ်နိမ်ပေါက်ချိန် (အသက်-၃၆နှစ်)နှင့် ၎င်းကားတွင် စီးနင်းလိုက်ပါလာသူ အမျိုးသမီးနှစ်ဦးတို့ကို တွေ့ရှိရပြီး ၎င်းတို့သည် တစ်စုံတစ်ယောက်အား ဖုန်းဆက်ပြောနေသည်ကိုလည်း တွေ့ရှိရ၍ ၎င်းတို့အား ရဲများက ထိန်းချုပ်ထားစဉ် ကားနံပါတ် บล-2875 ကိုတပ်ဆင်ထားသော တိုယိုတာကားတစ်စီးသည် ရုတ်တရက်ထိုးရပ်ကာ ကွေ့ပြေးရန် ကြိုးစားနေစဉ် ရဲများက လိုက်လံလိုက်ဖမ်းဆီးကြသည်။

မောင်းပြေးသော ကားနောက်သို့ ရဲကားများ လိုက်လံဖမ်းဆီးရာ မရမက ဖမ်းလိုက်ရသည်ဟု သိရှိရသည်။ ဖမ်းဆီးရမိသော ကားကိုစစ်ဆေးသောအခါ စိတ်ကြွဆေးပြား ( ၃၈၀၀၀)ကို တွေ့ရှိရမိသည်။ စိတ်ကြွဆေးပြား၏ တန်ဖိုးမှာ ထိုင်းဘတ်ငွေ ( ၄,ဝဝဝ,ဝဝဝ )ခန့်ရှိသည်ဟု ခန့်မှန်းသိရှိရသည်။

တရားခံဖြစ်သူ နှစ်ဦး၏ ထွက်ဆိုချက်အရ "ဘန်ကောက်မြို့ရှိ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှ ငွေထုတ်ပေးပြီး မူးယစ်ဆေးဝါးများကိုတော့ မြန်မာလူမျိုးတစ်စုကို ၀ယ်ခိုင်းတာ ဖြစ်ပြီး မူးယစ်ဆေးဝါးများကို မယ်ဆိုင်မြို့ရှိ တပ်စကို့လိုတပ် ကုန်တိုက်(Tesco Lotus Maesai)တွင် လာရောက်ပို့ပေးရန်ဖြစ်ကြောင်း"ထွက်ဆိုသည်။

ထိုပါ၍ လက်ရှိ မယ်ကျန့်ထောက်လှမ်းရေးစခန်းမှူး ပရာ့ထစီ စီယမ်ဒန်းသည် တပ်စကို့လိုတပ် ကုန်တိုက် (Tesco Lotus Maesai)ရဲ့ CCTVကို စစ်ဆေး၍ ဆက်လက်စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း မယ်ဆိုင်အခြေချ သတင်းဌာနတစ်ခုမှ သတင်းရရှိပါသည်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »