Writen by
Tachileik News Agency
9:22 AM
-
0
Comments
၈တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူးပြီး ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေးပညာပေး ဟောပြောပွဲကို စက်တင်ဘာ(၂၇)ရက်နေ့ နံနက်(၉)နာရီက မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါက်ကျေးရွာ မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါဟောပြောပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒု-ဦးစီးမှူး ဦးမျိုးဟန်၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ နှင့် ဒု-ဦးစီးမှူး ဒေါက်တာ ကျော်ကျော်စိုး၊ ခရိုင်ပြန့်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်ကြည် တို့က ခွေးရူးရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ ခွေးရူးရောဂါလက္ခဏာနှင့် အန္တရာယ်များအပြင် အသက်ဆုံးရှုံးမှုမရှိစေရန် ဗဟုသုတများအဖြစ် စာပေများလေ့လာဖတ်ရှုရန် စသည်တို့ဖြင့် ကျန်းမာရေးပညာပေး ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနား အပြီးမှာတော့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ ခွေးနဲ့ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့ကြပါတယ်။ အလားတူပင် တာလေမြို့နယ်ခွဲရှိ နားယောင်းကျေးရွာအုပ်စုသို့လည်း သွားရောက်ကာ ပညာပေး ဟောပြောမယ်လို့ သိရပါတယ်။
နှစ်စဉ်နှစ်တိုင်းရဲ့ စက်တင်ဘာ(၂၈)ရက်နေ့ဟာ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။




Social Buttons