Writen by
Tachileik News Agency
10:57 PM
-
0
Comments
၂၀၁၂ခုနှစ် စက်တင်ဘာ(၂၉)ရက်နေ့ နံနက်(၉)နာရီကနေ နံနက်(၁၀း၄၀)နာရီထိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ရပ်/ကျေးရုံးခန်းဖွင့်ပွဲကို ကျင်းပခဲ့ကြပါတယ်။ရုံးခန်းဖွင့်ခြင်းနဲ့ ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားမှာ အဖွဲ့ချုပ်မှ တာချီလိတ်မြို့နယ် ဥက္ကဌ ဦးရဲနီထွန်း နဲ့ ဆန်ဆိုင်း(ခ) ရပ်/ကျေးရုံး ဥက္ကဌ ဦးဌေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။
အဆိုပါ အခမ်းအနားရဲ့ သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးစိုင်းဝင်းမြင့်၊ ဦးစိုင်းစွံဆိုင်း၊ ဦးစိုင်းဆိုင်တွီ တို့က ဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ခင်ဌေးဝင်းက ဆောင်ရွက်ပေးခဲ့ကြပါတယ်။
အခမ်းနားတွင် အမှာစကားပြောကြားခြင်းကို သဘာပတိ(ဦးစိုင်းဝင်းမြင့်) မှ ရှမ်းဘာသာစကားဖြင့် ပြောကြားပြီး သ၀ဏ်လွှာဖတ်ကြားခြင်း၊ ညီလာခံကျင်းပရေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်များရှင်းပြခြင်း နှင့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းမှ သင်ကြားခဲ့ရသော အကြောင်းအရာများကို ရှင်းပြခြင်း၊ ကျေးဇူးတင်စကားပြောကြားခြင်း စသည်တို့ကို အဖွဲ့ချုပ် အဖွဲ့ဝင်များက ရှင်းလင်းပြောကြားကြပါတယ်။
ဆန်ဆိုင်း(ခ)ရက်ကွက်ရှိ NLD ရပ်/ကျေးရုံး၏ ဥက္ကဌမှာ ဦးဌေးဝင်း ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဦးစိုင်းခမ်းလျန်က တာဝန်ယူထားတယ်လို့ သိရပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ အဖွဲ့ချုပ်ဝင်များနဲ့ ဧည့်သည်တော်များ အင်အား(၁၁၀)ခန့် ရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ယခုဖွင့်လှစ်သော ရပ်/ကျေးရုံးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ (၃)ရုံးမြောက်ဖြစ်ကြောင်း သိရှိရပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်လိုလျှင်





Social Buttons