Latest News

Dropdown Menu

Friday, October 26, 2012

တာချီလိတ်မြို့ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်သူများအား ချေးငွေချပေး

အောက်တိုဘာ(၂၆)ရက်နေ့ ညနေ(၄)နာရီက တာချီလိတ်မြို့ ထွေ/အုပ်ရုံးရှိ အစည်းအဝေးခန်းမမှာ ဒေသဖွံ့ဖြိုးရေးချေးငွေပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါအခမ်းအနားမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့သက်ဆိုင်ရာဝန်ထမ်းတစ်ချို့အပါအ၀င် ချေးငွေကိုလက်ခံရယူမည့် အစုအဖွဲ့များ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။


ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးအဖြစ် ချေးငွေချပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရမှ ကျပ်သိန်းငါးရာ ချပေးထားပြီး တိမွေးကုမှ ကျပ်သိန်းနှစ်ရာ နှင့် စိုက်ပျိုးရေး မှ ကျပ်သိန်းသုံးရာ ကို လက်ခံပြီး စိုက်ပျိုး မွေးမြူလုပ်ကိုင်သော ကျေးရွာသူ/သားများကို အဆိုပါငွေများဖြင့် ချေးငွေချထားပေးတယ်လို့ သိရပါတယ်။

 မွေးမြူရေးနဲ့ပတ်သက်၍ ချေးငွေချထားပေးရာမှာ တာလေမြို့နယ်ခွဲအတွက် ကျပ်(၁၂၆)သိန်း၊ မိုင်းကိုးကျေးရွာအုပ်စုအတွက် ကျပ်သိန်း(၆၀) နဲ့ ကျိုင်းလပ်မြို့နယ်ခွဲအတွက် ကျပ်(၁၄)သိန်း ချပေးထားတယ်လို့သိရပါတယ်။ ကျန်ငွေ ကျပ်သိန်း(၃၀၀)ကိုတော့ တိမွေးကုက လက်ခံရယူပြီး တာလေမြို့နယ်ခွဲအတွက် ကျပ်သိန်း(၁၄၀)၊ မိုင်းကိုးကျေးရွာအုပ်စုအတွက် ကျပ်သိန်း(၆၀)၊ မိုင်းဖုန်း(ခ)အတွက် ကျပ်သိန်း(၆၀) နဲ့ ဖန်မင်ကျေးရွာအတွက် ကျပ်သိန်း(၄၀) အသီးသီး ချပေးခဲ့တယ်လို့ သိရပါတယ်။


ချေးငွေရဲ့ အတိုးနှုန်းမှာ နှစ်ကျပ်ငါးဆယ်ပြားသတ်မှတ်ထားပြီး ယခုကဲ့သို့ ပြည်နယ်အစိုးရမှ ချေးငွေချပေးတာမှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
« PREV
NEXT »