Latest News

Dropdown Menu

Thursday, October 25, 2012

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့နှင့်အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်

၂၀၁၂ခုနှစ် အောက်တိုဘာ(၂၄)ရက်နေ့  နံနက် (၉း၀၀)နာရီက တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်းမှာ ကမ္ဘာ့ဆရာများနေ့နှင့်မြတ်ဆရာပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။


အဆိုပါ အခမ်းအနားမှာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ ဆရာမများကျောင်းသားကျောင်းသူများစုစုပေါင်း (၂၈၈)ဦးတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ တာဝန်ခံ လက်ထောက်ကျောင်းအုပ်က
ကမ္ဘာ့ဆရာများနေ့သိကောင်းဆရာများကို ဟောပြောခဲ့ပါတယ်။

ဆက်လက်ပြီး ကျောင်းသား/သူများမှ ကန်တော့ချိုးဖြင့် ဆရာကြီးနှင့်ဆရာဆရာမများအား ကန်တော့ခဲ့ကြပြီး ဆရာကြီးကဆုတောင်းမေတ္တာ ပို့သခြင်း အပါအ၀င် ကျောင်းသား/သူများကိုယ်တိုင် မြတ်ဆရာဆိုင်ရာ တေးသီချင်း(၃)ပုဒ်သီဆိုဖျော်ဖြေခြင်း၊ စွမ်းရည်ပြအက (၄)မျိုးဖြင့်တင်ဆက်ခြင်း
များကိုလည်း ပျော်ရွင်စွာ ဆောင်ရွက်ခဲ့ကြပါတယ်။

 အခမ်းအနားနှင့်အတူ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နံရံကပ် စာစောင်ပြသခြင်း၊ ကျောင်းသားကျောင်းသူများအား ပဲနို့ရည်နှင့်ကိတ်မုန့်များ ကျွေးမွေးခြင်း ကိုလည်း ကျောင်းကောင်စီ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ကျောင်းကောင်စီအတွင်းရေးမှူးကျောင်းသားက အဓိကထားဦးဆောင်စေပြီး အခမ်းအနားမှူးအဖြစ် သတ္တမတန်းကျောင်းသူ မနန်းအမ်က ဆောင်ရွက်စေခဲ့ပါတယ်။


ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယခုကဲ့သို့ ကမ္ဘာ့ဆရာများနေ့နှင့်မြတ်ဆရာပူဇော်ပွဲ အခမ်းအနားအား  ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားရေး၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ မပပျောက်စေရေးအတွက် နှစ်စဉ် ကြိုးစား အကောင်အထည်ဖော်လျှက်ရှိကြောင်း သိရှိရပါတယ်။                          
သတင်းပေးပို့သူ။       မြတ်မျိုးမြင့်မာန်

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်
« PREV
NEXT »