Latest News

Dropdown Menu

Saturday, November 24, 2012

တာချီလိတ်မြို့ရှိ ရပ်ကွက်များအလိုက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းမှ ရိုးရာအစဉ်အလာအရ နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်သခြင်း(တုတ်ဆူး)ပြုလုပ်

တာချီလိတ်မြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းမှ ရိုးရာအစဉ်အလာအရ နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်သခြင်း (တုတ်ဆူး)အား တာချီလိတ်မြို့ရှိ ရပ်ကွက်များသို့ လိုက်လံပြုလုပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်သခြင်း(တုတ်ဆူး)အစီအစဉ်အား ၂၀၁၂ခုနှစ် နိုဝင်ဘာ(၁၉)ရက်မှစ၍ ၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၆)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။ တုတ်ဆူးပြုလုပ်ရာမှာ -
  • နိုဝင်ဘာ(၁၉/၂၀)ရက်နေ့ - ပုန်းထွန်ရပ်ကွက်
  • နိုဝင်ဘာ(၂၁)ရက်နေ့ - တာလော့ရပ်ကွက်
  • နိုဝင်ဘာ(၂၂)ရက်နေ့ - ၀မ်ကောင်းရပ်ကွက်
  • နိုဝင်ဘာ(၂၃)ရက်နေ့ - မကာဟိုခမ်းရပ်ကွက်
စသည့်တို့မှာ ပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ(၂၄)ရက်နေ့(ယနေ့ည)မှာလည်း မကာဟိုခမ်းရပ်ကွက်တွင် ကျန်ရှိနေသည့် အိမ်များသို့ သွားရောက်ကာ တုတ်ဆူး ပြုလုပ်မှာဖြစ်ပါတယ်။


ဆက်လက်၍ နိုဝင်ဘာ(၂၅/၂၆)ရက်များမှာ ဆန်ဆိုင်း (အထက်+အောက်)ရပ်ကွက်များသို့ သွားရောက်ကာ တုတ်ဆူးပြုလုပ်မှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီဇင်ဘာ(၁၆)ရက်နေ့မှ ဒီဇင်ဘာ(၁၈)ရက်နေ့ထိပြုလုပ်မဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းပိုင် မြေကွက်မှာ ကျင်းပမည်ဖြစ်ရာ ၎င်းတို့အနေဖြင့် မြေကွက်အား မြေညှိ/ထိုးခြင်းများပြုလုပ်လျှက်ရှိပြီး ပွဲတော်အတွက် ပြင်ဆင်မှုများပြုလျှက်ရှိကြောင်း တွေ့ရှိရပါတယ်။

ယခင်က ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးမကွင်းတွင် ပြုလုပ်ခဲ့ရာ ယခုမှာ ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေရန်အတွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းပိုင် မြေကွက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်
« PREV
NEXT »