Writen by
Tachileik News Agency
12:07 AM
-
0
Comments
ပြီးခဲ့တဲ့ အောက်တိုဘာ(၂၈)ရက်နေ့ တာချီလိတ်မြို့တွင် သီတင်းသုံးနေထိုင်နေတော်မှုသော နိုင်ငံတော်သြ၀ါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိဘွဲ့တံဆိပ်တော်ရ ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရီ(နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး)မှ ဦးစီးဦးဆောင်ကျင်းပလှူဒါန်းခဲ့သော ကထိန်ခင်းခြင်းအလှူကို ကျိုင်းတုံမြို့ရှိ ဘုန်းကြီးကျောင်း(၃)ကျောင်းမှာ ပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ထိုကဲ့သို့လှူဒါန်းမှုများပြုလုပ်ရာမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး မှလည်း လာရောက်၍ ဆရာတော်ဘုရားကြီးနှင့်အတူ လှူဒါန်းမှုများပြုလုပ်ခဲ့ကြပြီး ရေစက်ချတရားနာခဲ့ကြောင်း သိရပါတယ်။
နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကထိန်ခင်းခြင်းများကိုပြုလုပ်ရာမှာ ကျိုင်းတုံမြို့ရှိ ဝေကွယ်၊ ကျင်းယင်း၊ ပန်လော့ ဘုန်းကြီးကျောင်း(၃)ကျောင်းဖြစ်ပြီး ကထိန်းခင်းရာမှာ တာချီလိတ်မြို့မှ အလှူ့ဒကာ အလှူဒကာမများ နှင့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သဟာများ ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။






Social Buttons