Writen by
Tachileik News Agency
12:07 PM
-
0
Comments
တာချီလိတ်မြို့ရှိ အမျိုး ဘာသာ သာသနာ ကိုယ်တာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကျင်းပလျှက်ရှိသည့် (၁၇)ကြိမ်မြောက်တရားပွဲ၏ နောက်ဆုံး(၁၁)ညမြောက်ည နှင့် (၁၀)ညမြောက်တွင် ဆရာတော် ဘဒ္ဒန္တ သူရိယ အဂ္ဂမဟာကမ္မဌာနစရိယဓမ္မကထိက နှင့် ဗဟုဇနဟိတဓရ (ရွှေမန်းဥူးသူရိယ)မှ တရားတော်ဟောကြားတော်မှုခဲ့ပါတယ်။(၁၇)ကြိမ်မြောက်တရားပွဲမှ နောက်ဆုံးဆရာတော်၏ ပထမညတရားပွဲသို့ ဝေယျာဝေစ္စအဖြစ် တာလေမြို့နယ်ခွဲရှိ အမျိုး ဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အဖွဲ့နှင့် အတူ တာလေမြို့နယ်ခွဲမှပင် "လောကပါလ ပရဟိတ သာရေး/နာရေ အသင်း"မှ အဖွဲ့ဝင်လူငယ်များလည်းလာရောက်၍ ကူညီလုပ်ဆောင်ပေးကြတာကို တွေ့ရပါတယ်။ ယခုပြုလုပ်သော နောက်ဆုံး(၁၀)ညမြောက်နှင့် (၁၁)ညမြောက် တရားပွဲတွင် ဦးမြင့်သိန်း+ဒေါ်နန်းစင် မိသားစု (နေမင်းရောင်းဝယ်ရေး)တို့မှ တရားအလှူရှင်များဖြစ် ကုသိုလ်ယူခဲ့ကြပါတယ်။
![]() |






Social Buttons