Latest News

Dropdown Menu

Friday, December 14, 2012

တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်မိသားစုအားလုံး မိတ်ဆုံစားပွဲပြုလုပ်မည်

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ (၃၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်မိသားစုများအားလုံး တွေ့ဆုံပြီး မိတ်ဆုံစားပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ ဒီဇင်ဘာ(၁၅)ရက် ည(၆)နာရီမှ ည(၁၀း၃၀)နာရီထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ယခုလို တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။


ရခိုင်ပြည်နယ်ကို မဆလ အစိုးရမှ (၁၉၇၄)ခုနှစ်တွင် ပြုလုပ်သော ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲမှ အတည်ပြုပေးခဲ့တာဖြစ်ပြီး ယခုနှစ်(၂၀၁၂)သည် ရခိုင်ပြည်နယ်နေ့အဖြစ် (၃၈)နှစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

« PREV
NEXT »