Writen by
Tachileik News Agency
2:02 AM
-
0
Comments
ဒီဇင်ဘာ(၁၀)ရက်ဝန်းကျင်က ဟောင်လိတ်ကျေးရွာအုပ်စုတစ်လျှောက်တွင် တာချီလိတ်မြို့၏ မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ရန်အတွက် လျာထားသည့် သင်္ကေတအဖြစ် အလံနီများ လာရောက် စိုက်ထူထားခြင်းအပေါ် ဟောင်လိတ်ကျေးရွာအုပ်စု နှင့် ပါလျှံ(၁)နေ ပြည်သူလူထုအများအပြားအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ကြားသိရပါတယ်။{လမ်းဖောက်လုပ်ရန် ပုံစံ}
အဆိုပါအလံနီများလာရောက်စိုက်ထူခြင်းနှင့်ပတ်သက်ပြီး အလံနီ၏ ဘေးတစ်ဖက်တစ်ချက်တွင် ပေ(၃၀)စီ ဖြတ်ယူသွားမှာဖြစ်ပြီး ဘယ်ညာစုစုပေါင်း ပေ(၆၀)ခန့် ပါသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ပါလျှံ(၁)ရပ်ကွက်နေ တာဝန်ရှိသူများမှ အလံနီများစိုက်ထူထားရာနေရာသို့ သွားရောက်ကြပြီး လျာထားသည့်နေရာနှင့် မလွတ်ကင်းသည့် အိမ်/ခြံ/မြေများကို စာရင်းကောက်ရာ တိုက်အိမ်(၁၇)လုံး၊ ပျဉ်ထောင်အိမ်(၅)လုံး၊ မြေကွက်လပ်(၅)ကွက် နှင့် ပေါ်တော်မူဘုန်းကြီးကျောင်းရှိ စေတီနှင့်ကျောင်းနေရာ တ၀က် မလွတ်ကြောင်းကို စာရင်း၏ ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။
{ပေါ်တော်မူဘုန်းကြီးကျောင်း}
ထိုကိစ္စနှင့်ပတ်သက်ပြီး ပါလျှံ(၁)နေ ကျေးရွာသားတစ်ဦးမှ ပြောကြားလာရာမှာ "မြို့ရှောင်လမ်းအတွက် လျာထားတဲ့လမ်းကြောင်းကို ဖျက်သိမ်းပေးသင့်ပြီး နဂိုရပ်ရွာက လျာထားတဲ့ လမ်းဟောင်းအတိုင်း မြို့ပတ်လမ်းကို ဖောက်ပေးစေချင်ပါတယ်။ လုံးဝ ရှောင်ကွင်းလို့မရရင်တော့ ဖယ်ခံရတဲ့ အိမ်ခြံတွေကို ကာလပေါက်ဈေးအတိုင်း နစ်နာကြေးပေးပြီးမှသာ ဖောက်တာကောင်းပါလိမ့်မယ်"လို့ ပြောကြားလာပါတယ်။
{အလံနီနှင့် မလွတ်ကင်း၍ ဖယ်ရှားရဖွယ်ရှိသော အိမ်}
ပါလျှံ(၁)တွင် မလွတ်ကင်းသည့် လူနေအိမ်များ၏ အိမ်နံပါတ်များမှာ
- 220
- 221
- 222
- 223
- 226
- 232
- 237
- 238 ( ရွာပိုင်ခန်းမဆောင် )
- 239
- 242
- 243
- 245
- 249
- 250
- 251
- 252
- 256
- 258
- 264
- 265
- 266
- 267
- 268
- 295
မြို့ပတ်လမ်းဖောက်လုပ်ရန်အတွက် လတ်တလော အလံနီများဖြင့် လျာထားချက်ကြောင့် မလွတ်ကင်းသည့်အိမ်ခြံများမှာ ပါလျှံ(၁)တွင် အများဆုံးဖြစ်ပြီး ပါလျှံ(၂)တွင် အိမ်အပါ အနည်းအငယ်သာရှိပြီး ကျန်နေရာများမှာ ယာခင်းများသာဖြစ်ကြပါတယ်။
{အလံနီနှင့် မလွတ်ကင်း၍ ဖယ်ရှားရဖွယ်ရှိသော အိမ်}
အထက်ပါကိစ္စများနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတစ်ချို့ထံ သွားရောက်ပြီး စုံစမ်းမေးမြန်းခဲ့ရာမှာ မြို့ရှောင်လမ်းဖောက်လုပ်ရန်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်မြို့တွင် လိုအပ်ချက်များကို လိုက်လံကြည့်ရှုရာမှာ မြို့ရှောင်လမ်းထားရှိရန်လိုအပ်ကြောင်းကို တွေ့ရရှိရ၍ နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့တင်ပြပြီး လမ်းပုံစံထုတ်ရန် ညှိ့နှိုင်းမှုများပြုလုပ်ကာ မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် လောလောဆယ်မှာ လျားထားတာဖြစ်ကြောင်း၊ လမ်းပုံစံထုတ် အင်ဂျင်နီယာအဖွဲ့မှ လမ်းပုံစံချထားရာမှာ စံချိန်စံညွှန်းအရ ဂြိုလ်တုမှ ဓါတ်ပုံ ( Google Earth )ဖြင့် ပုံများကို ထုတ်ကာ လမ်းပုံစံချထားခြင်းဖြစ်သော်လည်း ဂြိုလ်တုဓါတ်ပုံရှိ ဖော်ပြထားချက်မှာ လက်ရှိအနေအထားမဟုတ်တာကြောင့် ဖောက်လုပ်မည့် လမ်းကြောင်းပေါ်တွင် ဖယ်ရှားခံရမည့် အိမ်ခြေအရေအတွက် မည်မျှရှိကြောင်း မသိနိုင်၍ ယခုကဲ့သို့ လျာထားခြင်းဖြင့် နေရာများ လွတ်ကင်းမှုရှိမရှိနှင့် ဖယ်ခံရမည့် အိုးအိမ်များ မည်မျှရှိမည်ကို သိလို၍ဖြစ်ကြောင်း စသည့်ဖြင့် အောက်ခြေကို သိလို၍ လတ်တလောမှာ အလံနီများကို စိုက်ထူ၍ လျာထားခြင်းတာဖြစ်ကြောင်း သိရှိရပါတယ်။
တာချီလိတ်မြို့တွင် လမ်းမကြီးဟူ၍ တစ်လမ်းတည်းသာရှိသည့်အပြင် နယ်စပ်မြို့လေးဖြစ်တာကြောင့် ကားများ ဆိုင်ကယ်များ စသည်ဖြင့် ယာဉ်အမျိုးမျိုးမှာ တစ်လမ်းတည်းမှာသာ ပြည့်နေပြီး လမ်းစည်းကမ်း ယာဉ်စည်းကမ်းများ မရှိခြင်းမှာလည်း လမ်းကျဉ်းလမ်းကြပ်ဖြစ်သော တစ်လမ်းတည်းတွင်သာ သွားလာနေခြင်း ဖြစ်တာကြောင့် ယခုကဲ့သို့ ယာဉ်တိုက်မှုများ ယာဉ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေရတာဖြစ်ကြောင်း သုံးသပ်မိပါတယ်။
ယခုဖောက်လုပ်မည့် မြို့ရှောင်လမ်းနှင့်ပတ်သက်၍ ဖောက်လုပ်သင့်သော ကိစ္စတစ်ရပ်ဖြစ်သော်လည်း အခြေခံလူထုလူတန်းစားများအဖို့ ၎င်းတို့၏ အိုးအိမ်များမှာ စီမံချက်ထဲ ပါဝင်နေမည့်ကိစ္စရပ်များရဲ့ အကျိုးအဆက်မှာ အခက်အခဲတွေဖြစ်လာနိုင်ကြောင်းကိုလည်း တွေ့မြင်ရပါတယ်။ သို့ပါ၍ မဖြစ်မနေ မလွတ်မကင်းပဲ လမ်းဖောက်မည်ဆိုပါက အခြေခံလူထုအတွက် မနစ်နာစေရေးအတွက် အစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း တာချီလိတ်အွန်လိုင်းစာမျက်နှာမှ အချက်အလက်များကိုစုစည်း၍ တင်ပြလိုက်ပါတယ်။
မလွတ်ကင်းသော အိမ်ပုံများကို ကြည့်ရန်





Social Buttons