Latest News

Dropdown Menu

Sunday, December 16, 2012

အ.ထ.က(ဆန်ဆိုင်း)တွင် အခွန်စာစီစာကုံးပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားပြုလုပ်

တာချီလိတ်မြို့နယ် ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်(၉း၀၀)နာရီက အလယ်တန်းဆင့် အခွန်စာစီစာစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ မြို့နယ်အခွန်ဦးစီးမှူး ဦးကြည်ဝင်း၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းနှင့် မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းလှအပါအ၀င်  မြို့တွင်းရှိ ထက်လယ်မူကျောင်းအုပ်ကြီးများ၊ ဆရာ/မများ ၊ ဆုရကျောင်းသား/သူများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

 
 

အခွန်စာစီစာစာကုံးပြိုင်ပွဲကို ပြီးခဲ့သော လက ပြုလုပ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲကိုတော့ ဒီဇင်ဘာ(၁၆)ရက်နေ့မှာ ပြုလုပ်ရာ ဆုရရှိသူ(၁၂)ဦး ရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

သတင်းပေးပို့သူ။     ။မြတ်မျိုးမြင့်မာန်

« PREV
NEXT »