Latest News

Dropdown Menu

Monday, December 17, 2012

ပဉ္စမအကြိမ်မြောက် အာခါရိုးရာ(ခါးထောင်း)စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်

ပဉ္စမအကြိမ်မြောက် အာခါရိုးရာ(ခါးထောင်း)စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ အာခါရိုးရာ(ခါးထောင်း)စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားအစုံအလင်များ၊ အာခါတိုင်းရင်းသား နာမည်ကြီး အဆိုတော်များ လာရောက် ကြမှာဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ နှစ်သစ်ကူးပွဲတော်ကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၈)ရက်မှ ဒီဇင်ဘာ(၂၀)ရက်နေ့ထိ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။


အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ပထမအကြိမ်အဖြစ် (၂၀၀၈)ခုနှစ်မှာ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပြီး ယခုကျင်းပမည့် အကြိမ်မှာ (၅)ကြိမ်မြောက်ဖြစ်ပါတယ်။

« PREV
NEXT »