Writen by
Tachileik News Agency
12:50 AM
-
0
Comments
၂၀၁၃ခုနှစ် ဇန်န၀ါရီ(၄)ရက်နေ့မှာ ကျရောက်တဲ့ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ရွှင်စရာ အားကစားပြိုင်ပွဲများကို တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်းမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။အားကစားပြိုင်ပွဲကို ကျင်းပရာမှာ ကလေးသူငယ်များ မုန့်စားအပြေးပြိုင်ခြင်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း အပြေးပြိုင်ခြင်း၊ အငယ်တန်း အကြီးတန်း ခေါင်းအုံးရိုက်ပြိုင်ခြင်း နှင့် မြန်မာ့ရိုးရာ ချောတိုင်တက်ပြိုင်ပွဲတို့ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ပြိုင်ပွဲများ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သော ချောတိုင်တက်ပြိုင်ပွဲသည် အချိန်ကြာမြင့်စွာ ယှဉ်ပြိုင်တက်ကြရသော ကစားနည်းတစ်ခုဖြစ်စေခဲ့ပြီး လာရောက်ကြည့်ရှု့အားပေးကြသော ပရိသတ်များမှလည်း တစ်ခဲနက်အားပေးကြတာကို တွေ့ခဲ့ရပါတယ်။
ပုံများကိုကြည့်ရန်







Social Buttons