Writen by
Tachileik News Agency
1:24 AM
-
0
Comments
တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့်ပရဟိဘုန်းကြီးကျောင်းတွင် လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။နံနက်(၆)နာရီတွင် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းတိုက်မှ သံဃာတော်(၅)ပါးအား ပင့်ဖိတ်ကာ ဆွမ်းကပ်တရားနာခြင်းများကို ပြုလုပ်ခဲ့ကြပြီး နံနက်(၉)နာရီမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ ဦးသောင်းစိုး၊ ဦးချစ်မွှေး၊ ဦးဝင်းစွမ်၊ ဦးအောင်ကျော်ငြိမ်း၊ ဦးတင်မြင့်ဝင်း၊ ဦးအောင်မင်းကြည် နှင့် ဦးမင်းလွင်တို့က လွတ်လပ်ရေးနှင့်ပတ်သက်သည့် သမိုင်းကြောင်းများနှင့် သိကောင်းစရာများကို ဟောပြောခဲ့ကြပါတယ်။
အဆိုပါဟောပြောပွဲသို့ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအပါအ၀င်(၁၀၀)ကျော်ခန့်
တက်ရောက်လာခဲ့ကြတာကိုတွေ့ရှိရပြီး အခမ်းအနားကို နံနက်(၁၀း၄၅)နာရီမှာ ပြီးမြောက်စေခဲ့ကာ နေ့လည်(၁၂)နာရီမှာ တာချီလိတ်မြို့ရှိ အောင်မင်္ဂလာတောရပရဟိတကျောင်းသို့ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ သွားရောက်၍ အဆိုပါပရဟိတကျောင်းတွင်ရှိသော မိဘမဲ့ကလေးသူငယ်များအတွက် အ၀တ်အစားများ၊ ဆန်၊ဆီ၊ဆေးနှင့် လှူဖွယ်ဝတ္ထုများ စသည်တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါတယ်။
ပုံများကိုကြည့်ရန်




Social Buttons