Writen by
Tachileik News Agency
8:18 AM
-
0
Comments
နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. ကျေးဇူးတော်ရှင် နဂါးနှစ်ကောင်ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"၏ ကြီးကြပ်ထောက်ပံ့ ချီးမြှောက်မှုဖြင့် ဇန်န၀ါရီ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ (၄၅)ကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီးကို နဂါးနှစ်ကောင်ကျောင်းတိုက်တွင် စီရင်ကျင်းပခဲ့ကြောင်း သိရပါတယ်။အဆိုပါ စာမေးပွဲတော်ကြီးတွင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာတို့မှ စာဖြေသံဃာတော်များ အပါး(၃၀၀)ကျော် ၀င်ရောက်ဖြေဆိုတော်မှုခဲ့ကြပါတယ်။ စာမေးပွဲတော်ကြီးတွင် ရှမ်းဘုန်းကြီးများမှ ကိုရင်များ သံဃာတော်များအဓိက ဖြေဆိုကြတာဖြစ်ပြီး ၀င်ရောက်ဖြေဆိုတော်မူကြသော သံဃာတော်များမှာ မိုင်းကိုးအုပ်စု၊ မိုင်းဖုန်းအုပ်စု၊ ဖန်မင်အုပ်စု နှင့် မြို့ပေါ်ရှိ ရှမ်းဘုန်းကြီးကျောင်းများမှ ဖြစ်ကြောင်း သိရပါတယ်။
ဇန်န၀ါရီလ(၃)ရက်မှ (၄)ရက်နေ့ထိ စာမေးပွဲဖြေဆိုကြပြီးနောက် အဆိုပါစာမေးပွဲ၏ အောင်စာရင်းကို ဇန်န၀ါရီလ(၈)ရက်နေ့မှာ ထွက်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
သတင်းဓါတ်ပုံများကိုကြည့်ရန်






Social Buttons