Latest News

Dropdown Menu

Friday, February 22, 2013

တာချီလိတ်မြို့နယ် ပညာရေးဌာနက စာမေးပွဲကာလအတွင်း ကျောင်းများကို ကွင်းဆင်းကြီးကြပ်မှုများပြုလုပ်ခဲ့

တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့က
ဖေဖော်ဝါရီလ(၁၉)ရက်ကနေ (၂၂)ရက်နေ့ထိ မြို့နယ်အတွင်းရှိ ကျောင်းများမှာ နှစ်ဆုံး စာမေးပွဲဖြေဆိုနေတာနဲ့ ပတ်သက်ပြီး  စာမေးပွဲကာလအတွင်း ကျောင်းများကို ကွင်းဆင်းကြီးကြပ်မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



  ပညာရေးနဲ့ပတ်သက်လို့ သူငယ်တန်းနဲ့ပထမတန်းရဲ့ နှစ်ဆုံးပုံမှန်စစ်ဆေးခြင်းလုပ်ငန်းများ
ဆောင်ရွက်နေမှုအခြေအနေများ၊ ဒုတိယတန်းမှ သတ္တမတန်းအထိ နှစ်ဆုံး  အခန်းဆုံးစစ်ဆေးခြင်း(Chapterend test )များ၊ အဋ္ဌမတန်းကျောင်းသား ကျောင်းသူများရဲ့နှစ်ဆုံးစာမေးပွဲဖြေဆိုနေခြင်းများအပြင် မြို့နယ်တွင်း ကျောင်းနယ်မြေများ ကျောင်းအုပ်စုများအတွင်းရှိ ထက်/လယ်/မှုကျောင်းများကို မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ကျောင်းနယ်မြေမှူး(အ.ထ.က-ဆန်ဆိုင်း ကျောင်းအုပ်ကြီး) ဦးဝင်းမြင့်နဲ့ မိုင်းဖုန်းကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှ (ဝှေလေလန်မူလွန်ကျောင်းအုပ်ဆရာကြီး) တို့က  စာမေးပွဲကာလအတွင်း ကွင်းဆင်းကြီးကြပ်မှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းပေးပို့သူ -   မြတ်မျိုးမြင့်မာန်

« PREV
NEXT »