Writen by
Tachileik News Agency
4:48 AM
-
0
Comments
ဖေဖော်ဝါရီလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုထဲမှာ ပိုင်ရှင်မဲ့သစ်များကို ဖမ်းဆီးရမိကြောင်း သိရပါတယ်။
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ဖဟိကျေးရွာ၊ နာတာလိကျေးရွာ အပါအ၀င် ဆိတ်ကုန်းကျေးရွာ စတဲ့ ရွာ(၃)ရွာနဲ့ ဆက်စပ်နေလျှက်ရှိတဲ့ ကြိုးပြင်ကာကွယ်တောများ အတွင်းမှာ တရားမ၀င်အခြားသား သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း(၂.၁၀၂)တန်ကို တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးထွန်းတင် နဲ့ သစ်တောဝန်ထမ်းများအပါအ၀င် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းရေးမှူး ဦးစိုးဝင်း၊ နယ်ထိန်း တပ်ကြပ်ကြီး အောင်စိုးမိုး နဲ့ နယ်မြေခံပြည်သူ့စစ်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့က တာချီလိတ်-မိုင်းဆတ် ကားလမ်းတစ်လျှောက် နယ်မြေ ရှင်းလင်းနေကြစဉ်မှာ အခုလို ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရှိရပါတယ်။သိမ်းဆည်းရမိတဲ့ တရားမ၀င်သစ်များရဲ့ အနီးအနားလူတစ်ဦးတစ်ယောက်မှ မတွေ့ရှိရပဲ သစ်များကိုသာ တွေ့ရှိရတာကြောင့် သစ်များကို ပိုင်ရှင်မဲ့သစ်များအဖြစ် သိမ်းဆည်းခဲ့ကြတာဖြစ်ပြီး ပိုင်ရှင်ကိုလည်း ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ဆက်လက်ရှာဖွေဖော်ထုတ်မှာဖြစ်ကြောင်း ထပ်မံသိရပါတယ်။
Social Buttons